စာပေချစ်သူ
Blog
05/11/2012 00:19
ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း
“ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း ”
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင်သိန်း (စင်္ကာပူ))
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ေ
ဖ်ာတာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
...
ဥပမာတစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား) မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။
ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီ
တော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။
(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)
Credit  :အက်ရှင်ဘဘ ဒီမို
သက်တန့်ချို ဝေမျှသည် ။
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင်သိန်း (စင်္ကာပူ))
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ေ
ဖ်ာတာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
...
ဥပမာတစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား) မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။
ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီ
တော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။
(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)
15/12/2011 22:32
ဆရာနန္ဒာသိန်းဇံ ၏ စာစုများ
ကြာ... ( နန္ဒာသိန်းဇံ)
သာယာသောတစ်နေ့ ..
သူက အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံရှိ ရုပ်ပုံများအကြောင်း၊ ထိုရုပ်ပုံများနှင့်အတူ ရေးခြယ်ထားသော ကြာပန်း၊ ကြာဖူး၊ ကြာရိုး၊ ကြာရွက်များအကြောင်းကို ပြောပြနေသည်။ကျွန်တော်က နားထောင်သည့်အလှည့်ချည်း ယူထားသည်။
သူက စာအုပ်ထူကြီးတစ်အုပ်ကိုဖွင့်၍ ဆံချီထူပါ၏ အရှေ့ ဘက်တုရိုဏ်တိုင်ထိပ်ရှိ ကြာပွင့်တစ်ပွင့်၏ ပုံကိုပြကာ ထိုကြာပွင့်၏နောက်၌ ရှိသော အနက်အဓိပ္ပါယ်များကို ရှည်လျားစွာ ပြောသည်။ ကြာနှင့်ဆက်စပ်နေသည့်
ကနုတ်အကြောင်းကိုလည်း ရှင်းသည်။
ကနုတ်သည် ကုမုဒဟူသော စကားမှ ဆင်းသက်လာခဲ့ဟန်ရှိကြောင်း၊ ကုမုဒမှ ကမုဒ၊ ကမုဒမှ ကနုဒ၊ ကနုဒမှ ကနုတ်ဖြစ်လာရကြောင်း သူကရှင်းပြသည်။ ကနုတ်နှင့်ပတ်သတ်၍ ကူးယူရေးမှတ်ထားသော စာရွက်တစ်ရွက်ကို ဖိုင်ထဲမှထုတ်ယူကာ
ကျွန်တော်ဖတ်လိုက ဖတ်ရန် သူက လှမ်းပေးပါသည်။ ကူးယူထားသော ကနုတ်အကြောင်း ဖွင့်ဆိုချက်က
မျက်စိဖြင့် ကနုတ်မျိုးစုံကို မြင်လာရသကဲ့သို့  နှစ်သက်ဖွယ်ရှိလာသည်။
ကြာခွေ၊ ကြာလိပ်၊ ကြာရိုး၊ ကြာစွယ်၊ ကြာရွက်၊ ကြာပွင့်ချပ်၊ ကြာဝတ်ဆံတို့ ကို ကွေး၍ကော့၍၊ ခွေ၍လိပ်၍၊ ကောက်၍လိမ်၍၊ ယိမ်း၍ယိုင်၍၊ ချီ၍ချ၍၊ တက်၍ဆင်း၍
နှစ်သက်စဖွယ် အဆန်းတကြယ် ပုံဆက်ထုထွင်းခြင်း၊ ပုံသွင်း ရေးခြယ်ခြင်း သဘောကို
ကနုတ်ဟု ကောက်ယူနိုင်သော ဟူ၏။
မြန်မာနိုင်ငံသို့ အိန္ဒိယယဉ်ကျေးမှုအနုပညာတို့ ဝင်ရောက်လာသော အခါ ကြာနှင့်ပတ်သတ်သောရေးခြယ်ထုလုပ်ခြင်းများ ရှိလာခဲ့သည်။ သို့ ရာတွင် မြန်မာတို့ သည် ကြာကို အိန္ဒိယတိုင်းသားတို့ ၏ မူအတိုင်း ရေးခြယ်ထုလုပ်ခြင်းနောက်သို
့ အစဉ်တစိုက် တသဝေမတိမ်း မလိုက်ခဲ့ကြဟု သူကဆိုပါသည်။
မြန်မာတို့ သည် ကြာကို အိန္ဒိယမူနှင့်မတူသော ရေးခြယ်ထုလုပ်မှုများ ပြုလုပ်လာရုံမျှမက ကြာကို အိန္ဒိယတိုင်းသားတို့  ဖွင့်ဆိုသော အနက်အဓိပ္ပါယ်များနှင့်မတူသော အခြားအဓိပ္ပါယ်အသစ်တို့ ကိုလည်း ဖွင့်ဆိုခဲ့ကြသည်။အဓိပ္ပါယ်ဖွင့်ဆိုမှု အသစ်ဖြင့် ကြာကို စေတီတော်တို့ ၏ မြင့်မြတ်သော နေရာများ၌ ကြာမှောက်၊ကြာလှန်များအဖြင့် မြန်မာတို့ က နေရာသစ်များလည်း ပေးခဲ့ကြသည်။ အထက်ပါအချက်တို့ ကိုထောက်၍ မြန်မာတို့ သည် မိမိတို့ ထံ ရောက်လာသော ရေခြားမြေခြားမှ ယဉ်ကျေးမှု အနုပညာတို့ ကို မပြုမပြင် မဆင်ခြင်ပဲ လက်ခံတတ်သော လူမျိုးမဟုတ်ဟု သူကကောက်ချက်ချသည်။
မိမိတို့ ထံ ရောက်လာသော ဘာသာအယူဝါဒ၊ အတွေးအမြင်တို့ ကိုလည်း မြန်မာတို့ က အလွယ်တကူ လက်ခံလေ့မရှိ။
ဝေဖန်စိစစ်၍ လက်ခံသင့်သည်တို့ ကို လက်ခံသည်။ ပစ်ပယ်သင့်သည်ကို ပစ်ပယ်တတ်သော လူမျိုးဖြစ်သည်။
ဗြာဟ္မဏ ဟိန္ဒူ အယူဝါဒများ၊ တန္တရအယူဝါဒများ၊ ထေရ၀ါဒနှင့်မဟာယာန အယူဝါဒများသည် မြန်မာတို
့ထံ ရောက်လာခဲ့ကြသည်။ ထိုသို့ ရောက်လာသော အယူဝါဒ အတွေးအမြင်တို့ အနက်မှ ထေရ၀ါဒကို မြန်မာတို့ ရွေးချယ် လက်ခံခဲ့ကြခြင်းကို ထောက်၍ မြန်မာတို့ သည် အကြောင်းအကျိုးနှင့်စစ်မှန်သောတန်ဘိုးကို ဝေဖန်စိစစ်ခွဲခြား စိတ်ဖြာ ရှုမြင် တတ်သော စရိုက်လက္ခဏာ( သို့ မဟုတ် ) တွေးခေါ်ပုံတွေးခေါ်နည်းရှိသည်မှာ ထင်ရှားသည်။ သူကဆက်၍ ...
“မြန်မာတို့ ၏ ဝေဖန်ဝေဖန်စိစစ်ရှုမြင်တတ်သော စရိုက်လက္ခဏာကြောင့် ထေရ၀ါဒကိုမြန်မာတို့  နှစ်သက် လက်ခံကြခြင်း ဖြစ်မည်။ ထေရ၀ါဒကတဖန်ဝေဖန်စိစစ်တတ်သော တွေးခေါ်ပုံတွေးခေါ်နည်းရှိအောင် မြန်မာတို့ က အထောက်အကူပြုလျက်ရှိပြန်သည်... ဤအချက်သည် အောက်ပါ ထေရ၀ါဒ စာပေမှ ဥပမာတစ်ခုဖြင့် သိသာပါသည်” ဟု ဆိုသည်။
အခါတစ်ပါး၌ လူနှစ်ယောက်လမ်းသွားရင်း လျှော်ပုံနှစ်ပုံကို တွေ့ ကြသည်။နှစ်ဦးစလုံး လျှော်ပုံကို အိမ်သို့ သယ်ယူလာကြသည်။ လမ်း၌ ထိုသူနှစ်ဦးသည် လဲပုံနှစ်ပုံကိုတွေ့ ကြပြန်သည်။ ထိုအခါတစ်ယောက်က လျှော်တို့ ကို စွန့် ပစ်ပြီး လဲကိုသယ်ယူသည်။ အခြားတစ်ယောက်ကမူ “ဤနေရာထိ လျှော်တွေကိုတကူးတကသယ်ယူလာပြီးပြီ.၊ ယခုမှတော့ လဲပြောင်းပြီး မယူတော့…” ဟုဆိုကာ လျှော်ကိုပင်ဆက်လက်သယ်ယူသည်။ မကြာမီ ထိုသူနှစ်ဦးသည် သိုးမွှေးပုံ နှစ်ပုံကိုတွေ့ ကြပြန်သည်။ လျှော်ကိုစွန်
့ပစ်၍ လဲကိုယူခဲ့သူက လဲကိုစွန့် ပစ်ပြီး သိုးမွှေးကို သယ်ယူသည်။ လျှော်ကို မစွန့် နိုင်သူက“ဤနေရာထိ လျှော်ကို တပင်တပန်းယူလာခဲ့ပြီးဖြစ်၍မစွန့် ပစ်တော့ပါ..” ဟုဆိုကာ သိုးမွှေးကိုမယူပဲလျှော်ကိုသာ အိမ်အထိ သယ်ယူသွားလေသည်။
အထက်ပါ ဥပမာကို ပြောပြပြီး နောက်သူကလျှော်များ၊ လဲများကို စွန့် ပစ်ပြီး ယင်းတို့ ထက် ပိုကောင်းသောအရာကို သယ်ယူသူကဲ့သို့  မြန်မာတို့ သည် မိမိတို့ ထံဝင်ရောက်လာသော ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုစသည်တိုနှင့် ကြုံတွေ့ သည့်အခါ စွန့် ပစ်သင့်သည်ကို စွန့် ပစ်၍ ယူသင့်သည်ကို ယူခဲ့ကြသည်။လျှော်တို့ ကိုသာ တစ်လျှောက်လုံး သယ်ယူလာသူကဲ့သို့  မြန်မာတို့ ၌ ကပ်ငြိခြင်းမရှိ၊တရားသေတစ်ထစ်ချ ခံယူတတ်ခြင်းမရှိ၊ အဟောင်းကိုတွယ်ဖက်ထားခြင်းမျိုးလည်း မရှိ၊ အစွန်းရောက်သော
လွဲမှားသော အယူဒါဒ သဘောတရားများ၌လည်း မြန်မာတို့ သည် ကပ်ငြိခြင်းမရှိခဲ့ကြ..။ မြန်မာတို့ ရယူထားသော ထေရ၀ါဒကလည်း အစွန်းတရားများကို ကပ်ငြိတတ်သော အမြင်မျိုး မြန်မာတို့ ၌မရှိစေရန်အထောက်အကူပြုခဲ့သည်ဟု မှတ်ချက်ချသည်။ ထို့ နောက်သူကဆိုပါသည်..။
“နုံးညွန်နဲ့  ရေထဲကထွက်လာတဲ့ကြာဟာ နုံးညွန်တွေ ရေနောက်တွေနဲ့  မရောမယှက်ပဲ လေထဲမှာ တလှတပ ပွင့်သလိုပဲ၊ မြန်မာတွေထဲမှာ ပွင့်တဲ့ အတွေးအမြင်ကြာဟာလည်း အလွဲအမှား အယူဝါဒတွေ၊ အစွန်းတရားတွေနဲ့ မထိမငြိ၊ မရောမယှက်ပဲ
တင့်တင့်တယ်တယ် ရှိနေခဲ့တယ်..၊နောင်ကိုလည်း တင့်တင့်တယ်တယ် ပွင့်နေစေချင်တယ်ပေါ့ဗျာ..”
သူက သူ့ စကားကို အဆုံးသတ်သည့်အနေဖြင့် အဝေးဆီသို့ လှမ်းမြော်ကြည့်နေသည်..။
ကျွန်တော်က သူပြောသည့် ကြာပွင့်ဆီသို့ … မျှော်ငေးနေမိပါသည်..။
                                                                                                                        နန္ဒာသိန်းဇံ
အမှန်က မှားနေတယ်.....(နန္ဒာသိန်းဇံ)
အတွေးအခေါ် အယူအဆတစ်ခုဟာ ဘယ်လောက်ပဲရှေ့ နောက် ညီညွှတ်နေပေမယ့် ဟုတ်ပြီမှန်ပြီလို့ မယူဆသင့်သေးကြောင်းကို တွေးခေါ်ပညာရှင်တွေက အထောက်အထားတွေ ၊ဘ၀ဖြစ်ရပ်တွေနဲ့ ဆက်စပ်ဖော်ပြတက်ကြပါတယ်။ ပြီးတော့…
အစွဲဥပါဒါန်တွေနဲ့  တွေးခေါ်ကြံဆထားတဲ့ အယူအဆတစ်ရပ်ဟာ တမင်ဆင်ပြီးလုပ်ကြံထားတဲ့ ဇာတ်လမ်းတစ်ခုလို
ဖြစ်နိုင်တယ်။ ကိုယ့်ဆင်ခြေတွေ ကိုယ်ပေးပြီး ကိုယ်လိုတဲ့နိဂုံးကို ရောက်နိုင်တဲ့ ရှေ့နောက်ကိုက်ညီ
ဆီလျော်မှုတွေကို ရှာတတ်တယ်လို့ လည်း ဆိုကြပါတယ်။ သည်သဘောမျိုးကို အောက်ပါဖြစ်ရပ်က ဖော်ညွှန်းနေပါတယ်။
ပါမောက္ခကြီးတစ်ဦးဟာ လူ့အသိဥာဏ်နဲ့ သက်ဆိုင်တဲ့ အလွန်လေးနက်တဲ့ ကျမ်းကြီးတစ်ကြမ်းကို ပြုစုနေပါတယ်။ သူ့ကိုလေးစားမြတ်နိုး အထင်ကြီးတဲ့ ဇနီးက သူ့လက်ရေးမူကြမ်းတွေကို အချောကူးပေးပါတယ်။
ပါမောက္ခကြီးရဲ့  ဇနီးဟာ နေ့ မအား ညမအား စာမူတွေကိုအချောကူးပေးနေရတော့ အိမ်ထောင်ထိန်းသိမ်းမှုတွေ လစ်ဟစ်နေပါတယ်။ တစ်အိမ်လုံး အမှိုက်သရိုက်တွေကလည်း ရှုပ်ပွပြီး ကြွက်တွေကလည်း သောင်းကြမ်းနေပါတယ်။
တစ်ခုသောနေ့ လည်ခင်းမှာ စာကူးပေးနေရင်းက ကျောညောင်းတာနဲ့ ပါမောက္ခကြီးရဲ့  ဇနီးဟာ ကြမ်းပေါ်မှာ ပက်လက်လှန်ပြီး ခေတ္တအနားယူတယ်။ ပင်ပန်းလွန်းနေတဲ့အတွက် ချက်ချင်းပဲ အိပ်ပျော်သွားရှာပါတယ်။ သူမဟာ ပါးစပ်ဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်မှာပဲ
ကြောင်တစ်ကောင်ရဲ့ အလိုက်ကို ခံရတဲ့ ကြွက်ငယ်တစ်ကောင်ဟာ အသက်လုပြီး ပြေးလာရင်းက ဟလျက်သားရှိနေတဲ့
သူမရဲ့ပါးစပ်ထဲကို တဟုန်ထိုးပြေးဝင်သွားတယ်။နောက်က အားကုန်သွန်ပြီး လိုက်လာတဲ့ကြောင်ကလည်း
ကြွက်နောက်ကပြေးဝင်လိုက်သွားတယ်။
သည်အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ ပါမောက္ခကြီးဟာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ ရှိသမျှဥာဏ်တွေ လက်ကုန်ဆန့် ကြည့်ပေမယ့် ဘာလုပ်ရမှန်းမသိတဲ့အတွက် လမ်းထိပ်က ဆရာဝန်ဆီပြေးပါတယ်။ ဆရာဝန်ဆီရောက်တဲ့အခါ သူ့ ဇနီးရဲ့ ပါးစပ်ထဲ ကြွက်ရောကြောင်ပါ
ဝင်နေတဲ့အကြောင်း ပြောပြပြီး ကြွက်နဲ့ ကြောင်းကိုထုတ်ယူဖို့  လိုက်ခဲ့ပါရန်ခေါ်ပါတယ်။
ဆရာဝန်က အရေးကြီးလှတဲ့ လူနာကို စမ်းသပ်နေဆဲဖြစ်လို့  ပါမောက္ခကြီးကို ..
“အိမ်ကိုမြန်မြန် ပြန်နှင့်ပါ..၊လမ်းထိပ်မှာ ဒိန်ခဲတစ်ခု ၀ယ်သွားပါ..၊ အိမ်ကိုရောက်ရင် ခင်ဗျားဇနီးရဲ့  ပါးစပ်ရှေ့မှာ..ဒိန်ခဲကို ကြိုးနဲ့ ချည်ဆွဲပြီးပြထား..၊ ဒါဆို ကြွက်ဟာ ဒိန်ခဲနံ့ရပြီး
ပြန်ထွက်လာလိမ့်မယ်..၊ ကျုပ် ခဏနေကြာရင် လိုက်ခဲ့မယ်….” လို့ မှာကြားလိုက်ပါတယ်။ ပါမောက္ခကြီးဟာ
အလျင်အမြန် ပြန်ထွက်သွားပါတယ်။
များမကြာခင်မှာပဲ ဆရာဝန်ဟာလိုက်လာပါတယ်။ ဟိုရောက်တော့ သူညွှန်ကြားလိုက်တာနဲ့ ပါမောက္ခကြီးလုပ်နေတာတွေက တစ်ခြားစီဖြစ်နေတာကို တွေ့ ရပါတယ်။ ဘယ်လိုလည်းဆိုတော့ ပါမောက္ခကြီးဟာ ဒိန်ခဲကို ဘေးမှာချပြီး ငါးကြော်တစ်ကောင်ကို
ကြိုးချည်ပြီး သူ့ ဇနီးရဲ့ ပါးစပ်ရှေ့ မှာ ပြနေတာကို တွေ့ ရလို့ ပါပဲ။ ဆရာဝန်က “..ဘာ့ကြောင့်
ဒိန်ခဲမပြတာလည်း..”မေးတော့ ပါမောက္ခကြီးက..
“ရှေ့ က၀င်သွားတာက ကြွက်..၊နောက်ကလိုက်ဝင်သွားတာက ကြောင်..၊ကြွက်ပေါ်မှာ ကြောင်ရှိနေတယ်..၊ကြောင်ထွက်ပြီးမှသာ ကြွက်ကထွက်လာနိုင်မှာ..ဒီတော့ ကြောင်ထွက်လာနိုင်အောင် အရင်လုပ်ရဦးမယ်လို့  တွေးမိလို
့.. ခုလိုငါးကြော်ကို ပြနေတာပါ..” လို့  ရှင်းပြတယ် ။
ဆရာဝန်က.. “ပါမောက္ခကြီးရဲ့ တွေးခေါ်ပုံဟာ ရှေ့နောက်ဆီလျော်ညီညွှတ်ပြီး သဘာဝကျပါပေတယ်..” လို့ ပြောရင်း ရပ်ကြည့်နေပါတယ်။
မကြာခင်မှာပဲ ကြောင်ဟာ ငါးကြော်နံ့ရပြီး ထွက်လာပါတယ်။တစ်ချိန်တည်းမှာပဲ ဆွဲပြထားတဲ့ ငါးကြောင်ကို ဖျတ်ခနဲ ဖမ်းယူကိုက်ချီပြီး ပြေးထွက်သွားပါတယ်။
ပါမောက္ခကြီးဟာ ဒိန်ခဲကိုကြိုးနဲ့ချည်ပြီး ဇနီးရဲ့ပါးစပ်ရှေ့မှာ ပြပြန်တယ်။မကြာခင် ဒိန်ခဲနံ့ရတဲ့ကြွက်ငယ်ဟာ ထွက်လာပါတယ်။ ဒါပေမယ့် ကြောင်ရဲ့ အဖိကိုခံထားရတဲ့အတွက် ကြွက်ငယ်ဟာ အပြင်ကိုရောက်တဲ့အခါမှာ အတော်ကိုနာကျင်
ပင်ပန်းနေပါတယ်။ ဒိန်ခဲကိုတောင် မစားနိုင်ပဲ ငြိမ်ကုပ်နေပါတယ်။မကြာခင်မှာပဲ ပါမောက္ခကြီးရဲ့
ဇနီးက အိပ်ပျော်နေရာက လန့်နိုးလာပါတယ်၊ ဇနီးဖြစ်သူဟာ ပါမောက္ခကြီး၊ ကြိုးတန်းလန်းနဲ့
ဒိန်ခဲ၊ ရပ်ကြည့်နေတဲ့ဆရာဝန်တို့ ကို ကြည့်ရင်း ဘာတွေဖြစ်နေလည်းဆိုတာ နားမလည်နိုင်ပဲရှိနေပါတယ်။
အဲဒီ့အခိုက်မှာပဲ ကြွက်အဘိုးအိုတစ်ဦးရောက်လာပြီး နာကျင်ချိနဲ့ နေတဲ့ ကြွက်ငယ်ကို ဖေးမတွဲယူ
ခေါ်ဆောာင်သွားပါတယ်။
ကြွက်အဘိုးအိုရဲ့ အိမ်ကိုရောက်လို့  ထိုင်မိကြတဲ့အခါမှာ ကြွက်ငယ်က..
“..ကံကောင်းလို့  ကျွန်တော်မသေတာ အဘရာ.. ကြောင်ကြီးက ကျွန်တော့်နောက်မှာ ဘယ်အချိန်ရောက်လာမှန်းမသိလိုက်ဘူး.. ကျွန်တော့်အပေါင်းအသင်း ရောင်းရင်းတွေ အကြံပေးသလို ကြောင်ကိုချူဆွဲထားရင် သိပ်ကောင်းမှာပဲ..၊
အဲဒါမှ သည်ကောင်လာရင် လာမှန်းသိပြီး ပြေးချိန်ရမှာဗျ…”
“ဘာလဲ..လာပြန်ပြီလား ကြောင်ကို ကိစ္စ၊ ဟိုနေ့ က ကြွက်တွေ အန္တရာယ်ကင်းရေးအတွက် ကြောင်ကိုချူဆွဲပေးထားရမယ်.. ၊ချူဆွဲရေး အယူအဆသည်သာ မှန်ကန်သောအယူအဆ ဖြစ်တယ်လို့  အများကသဘောတူဆုံးဖြတ်ကြတယ်.. ငါက သူတို့ ကို..မင်းတို့
အယူအဆကကောင်းတော့ ကောင်းပါတယ်..ဒါပေမယ့် ကြောင်ကို ဘယ်သူ ချူဆွဲမှာလဲ..၊ ဘယ်သူက သွားဆွဲမှာလဲလို
့မေးတော့..ချူဆွဲမယ့်ကောင် တစ်ကောင်မှ ထွက်မလာဘူး.. ဒီမယ် ငါပြောမယ်.. တစ်နဲ့တစ် ပေါင်းရင်
နှစ်ရတာ ဟုတ်ပေမယ့် ရေတစ်စက်နဲ့တစ်စက် ပေါင်းတဲ့အခါမှာတော့..နှစ်စက်မရဘူး..။ အယူအဆတစ်ခုဟာ
ရှေ့နောက်ဆီလျော်ညီညွှတ်နေပေမယ့် လက်တွေ့မှာ မမှန်နိုင်တာ၊ မဖြစ်နိုင်တာမျိုး ရှိတတ်တယ်ကွယ့်..၊
ကဲ..ကဲ.. စားစရာရှိတာစားပြီး မင်းအနားယူချေဦး…” ။
အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်း ( နန္ဒာသိန်းဇံ )
ထိုနေ့က အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဟု သူက ဆိုပါသည်။
            “အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဆိုတော့ သူ့အတွက် ဆုံးရှုံးပျက်စီးမှု မရှိဘူးပေါ့” ဟူသော အတွေးဖြင့် ကျွန်တော်က ၀မ်းသာနေပါသည်။
            သူက ကျွန်တော့်ကို တော်လ်စတွိုင်း၏ ပုံပြင်တစ်ခုထဲမှ အဖြစ်အပျက်တစ်ခုကို ပြောပါသည်။  သူ့စကားက ပထမပြောလက်စ စကားနှင့် ဘာဆိုင်လို့လဲဟု ကျွန်တော်က တွေးရင်း နားထောင်နေရသည်။
            တောအုပ်အတွင်း၌ ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်၏ အလယ်၌ ထင်းရှူးပင်တစ်ပင်ရှိသည်။ ထိုထင်းရှူးပင်၏ အကိုင်းတစ်ခု၌ ကြိုးတစ်ချောင်း ချည်ထားသည်။ ထိုကြိုး၏အဖျားတွင် လေးလံသော သစ်တုံးတစ်တုံးကို ချည်ထားသည်။ သစ်တုံး၏ အောက်တည့်တည့်၌ ပျားရည်များ ထည့်ထားသော သစ်သားပုံးရှိသည်။
            ထိုကွက်လပ်ဆီသို့ ၀က်ဝံများ လာနေကြသည်။ ၀က်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ၀က်ဝံကလေးတစ်ကောင်နှင့်  မွေးကာစ ၀က်ဝံကလေးသုံးကောင် လိုက်ပါလာသည်။ ၀က်ဝံမကြီးသည် ဦးခေါင်းကို မော့်ကာ တရှူးရှူး အနံ့ခံပြီး နောက်က ၀က်ဝံကလေးများကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီးရှိရာသို့ ရှေးရှု သွားသည်။ ရှေးဦးစွာ ပျားရည်ပုံးထဲသို့ သူ၏နှာခေါင်းကို ထည့်လိုက်ပြီးနောက် ၀က်ဝံကလေးများကို လာခဲ့ရန် အသံပြုသည်။ ၀က်ဝံကလေးများက ပြေးသွား၍ ပျားရည်ကို သောက်ကြသည်။ ထိုသို့ သောက်ကြသောအခါ အပေါ်မှ တွဲလောင်းချည်ထားသော သစ်တုံးကြီးက ယိမ်း၍ သွားသည်။ ယိမ်းရာမှ ပြန်လာပြီး ၀က်ဝံကလေးများကို သစ်တုံးကြီးက တိုက်သည်။
    ထိုသို့တိုက်သည်ကို မြင်သောအခါ ၀က်ဝံမကြီးက သစ်တုံးကို လက်ဖြင့် တွန်းဖယ်လိုက်သည်။ ထိုအခါ သစ်တုံးသည် ပို၍ ဝေးရာသို့ ယိမ်းသွားပြီးနောက် ပြန်လာသောအခါ ၀က်ဝံကလေး နှစ်ကောင်၏ ကျောကုန်းကို ရိုက်ခတ် မိသည်။ ၀က်ဝံကလေးများ အော်ဟစ်ကာ နံဘေးသို့ တိမ်းဖယ်လိုက်သည်။ ထိုအခါ ၀က်ဝံမကြီးမှာ ဒေါသဖြစ်လာပြီဖြစ်၍ သစ်တုံးကို လက်နှစ်ဖက်စလုံးဖြင့် ဦးခေါင်းပေါ်သို့ ကျော်သည် အထိ မြှောက်လွှဲ၍ တွန်းပစ်လိုက်သည်။ ထိုအခိုက် အခါလည်သား ၀က်ဝံကလေးသည် ပျားရည်ပုံးကြီးရှိရာသို့ ခုန်ပေါက် လာပြီးလျှင် ပျားရည်အိုးထဲသို့ နှာခေါင်းကိုနှစ်ကာ ပျားရည်ကို လောဘတကြီး စုပ်ယူလျက်ရှိသည်။ မွေးခါစ ၀က်ဝံ ကလေးများ ကလည်း ပျားရည်ပုံးရှိရာသို့ လာလျက်ရှိသည်။ ပုံးနားသို့ သူတို့မရောက်မီ သစ်တုံးသည် အရှိန်ဖြင့်ပြန်၍လာပြီးနောက် အခါလည်သား ၀က်ဝံ ကလေး၏ ဦးခေါင်းကို ရိုက်ခတ်လိုက်၍ ၀က်ဝံကလေးမှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
            ထိုအခါ ၀က်ဝံမကြီးသည် ကြောက်မက်ဖွယ် အော်ဟစ်ကာ သစ်တုံးကို အင်အားရှိသမျှ တစ်အားလွှဲ၍ ပစ်လိုက်လေသည်။ သစ်တုံးသည် ချည်ထားရာ သစ်ကိုင်းထက်ပင် မြင့်တက်သွားသည်။  ၀က်ဝံမကြီးက ၀က်ဝံကလေးများ နှင့်အတူ ပျားရည်ပုံးအနား ချည်းကပ်သည်။ သစ်တုံးသည် အပေါ်သို့ အတက် ရပ်သွားပြီးနောက် လျင်မြန်သောအရှိန်ဖြင့် ကျလာသည်။ သစ်တုံးသည် ၀က်ဝံမကြီးကို ပြင်းထန်စွာ ရိုက်လိုက်သောကြောင့် ၀က်ဝံမကြီးသည် ပက်လက်လန်ကျ သွားပြီနောက် အသက်ကုန်သွားသည်။ ၀က်ဝံကလေးများက ထွက်ပြေးသွားကြလေသည်။
            အထက်ပါ အကြောင်းအရာကို ပြောပြီးနောက် သူက ဆက်၍…
            “၀က်ဝံမကြီးက အခြေအနေတွေကို မသိဘူး၊ သစ်တုံးကြီးကို ပျားရည်ပုံးပေါ်တည့်တည့် ဘာပြုလို့ တွဲလောင်း ဆွဲပြီး ချည်ထားတယ်ဆိုတာ မသိဘူး၊ ပျားရည် သောက်ချင်တာလောက်ပဲသိတာ၊ ဒီတော့ သူသောက်ချင်တာကို အဟန့်အတားပြုတဲ့ သစ်တုံးကို ဒေါသဖြစ်တယ်၊ အကြီးအကျယ် ဒေါသဖြစ်တယ်၊    သူ့သားလေးကို သေလောက်အောင် သစ်တုံးကြီးက တိုက်ပစ်လိုက်တော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို ဒေါသတွေ အရှိန်အဟုန် ကြီးမားသွားတယ်၊  ၀က်ဝံမကြီးမှာ ဒေါသမီးကြီး လောင်မြိုက်နေလိုက်တာဗျာ…”
            “ကျွန်တော်လဲ ဒီလိုပါပဲ၊ မထူးပါဘူး။ အခြေအနေတွေကို မသိဘူး။ ကျွန်တော်ဒုက္ခရောက်အောင် သူဖန်တီး ထားတာကို မသိခဲ့ဘူး၊ ကျွန်တော့်မှာ ခံလိုက်ရတာ ဘာပြောကောင်းမလဲ၊ ရှိသမျှ သိက္ခာတွေလဲကျ၊ နာမည်တွေ ပျက်နဲ့၊ အဲဒီညက ဒေါသတွေ ခြောင်းခြောင်းထွက်နေတာ၊ ကျွန်တော့်ကို ဒေါသတွေ လောင်မြိုက်နေတာပေါ့ဗျာ၊ သူ့ကို လက်တုံ့ပြန်ဖို့ အစီအစဉ်တွေ လုပ်တယ်…”
            “နောက်တစ်နေ့ မိုးလင်းတာနဲ့ တစ်ပြိုက်နက် သူ့ရဲ့ ကောက်ကျစ်ပုံ၊ ကောက်ကျစ်နည်းထက် အဆပေါင်းများစွာ သာတဲ့ ကျွန်တော့်ရဲ့ ပရိယာယ်ထောင်ချောက်ထဲမှာ မရှုမလှ သူကျတော့မှာကို မြင်ယောင်နေတယ်၊ လူပဲဗျာ… ကောက်ကျစ်ညစ်ပတ်တဲ့နည်းကို ရှာလိုက်ရင် တွေ့တာပါပဲ၊ အသေအချာရှာလေ ပိုပိုပြီးကောင်းတဲ့နည်းကို တွေ့လေပဲ”
“သူ့မျက်နှာကို မြင်ယောင်တိုင်း ကျွန်တော့်ဒေါသတွေက အရှိန်မြင့်မြင့်လာလေပဲ၊ တရားဥပဒေကို လက်တစ်လုံးခြား လိမ်ညာတတ်တဲ့ သူ့လိုလူမျိုး၊ အမှန်တရားနဲ့ တရားဥပဒေကို ကျွန်တော့်ဖက်မှာ မရှိအောင် ဖန်တီးနိုင်တဲ့ သူ့လိုလူမျိုးကို ရှင်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တစ်ညလုံး ဒေါသတွေ လောင်မြိုက်နေတော့ အိပ်လို့ကို မပျော်ဘူး၊ အိပ်လည်း မအိပ်တော့ပါဘူးဗျာ၊ ကျွန်တော်သတ်မှတ်ထားတဲ့ အချိန်ကို ရောက်အောင် စောင့်နေတယ်… ”
“စိတ်က မငြိမ်တော့ စာအုပ်စင်က စာအုပ်တွေကို ဟိုလှန်ဒီလှော လုပ်နေမိတယ်၊ စားပွဲပေါ်မှာ ပုံထားတဲ့စာအုပ် တွေထဲက ဟိုစာအုပ်ဆွဲယူ၊ ဒီစာအုပ်ဆွဲယူ လုပ်တယ်၊ ဟိုစာမျက်နှာ၊ ဒီစာမျက်နှာ ကြုံရာကို ဖတ်တယ်၊ အဲဒီလိုဖတ်ရင်း ကျွန်တော် ခင်ဗျားကို ပြောပြခဲ့တဲ့ တော်လ်စတွိုင်းရဲ့ ၀က်ဝံမကြီးအဖြစ်အပျက်ကို ဖတ်မိတာ…”
“အဲဒီလို ဟိုစာအုပ်ကိုင်၊ သည်စာအုပ်ကို ဆွဲယူလုပ်ရင်းက ကျွန်တော့်အဖေရဲ့ မှတ်စုစာအုပ်ကို သွားတွေ့တယ်၊ မကြာခင်ကမှ အဖေ့ဆီ အလည်သွားရင်း အဖေ့လက်ရေးနဲ့ ရေးထားတဲ့စာအုပ်ကို အမှတ်တရ သိမ်းထားချင်ပါတယ်ဆိုပြီး တောင်းယူခဲ့တဲ့စာအုပ်ဗျ၊ အဲဒီ အဖေ့စာအုပ်ကို ဖွင့်ပြီး ဟိုလှန်သည်လှန်လုပ်ရင်း တစ်နေရာမှာ ပုံတစ်ပုံကို တွေ့တယ်၊ ကြည့်လိုက်တော့ မီးပွတ်ခုံပုံကို အဖေက ရေးဆွဲထားတာဗျ၊ မီးပွတ်ခုံသုံးတာကို ကျွန်တော်တို့ မမီလိုက်ပါဘူး၊ ရှေးခေတ်က အခုခေတ်မှာလို မီးကို အလွယ်တကူ မရနိုင်ဘူး၊ မီးပွတ်ခုံမှာ မီးပွတ်ယူကြရတယ်၊ အဖေက ရှေးခေတ်သုံး အဲဒီမီးပွတ်ခုံကို ရေးဆွဲထားတာဗျ…”
“အဲဒီမီးပွတ်ခုံ အောက်ဘက်မှာ အဖေက စာတစ်ပိုဒ် ရေးကူးထားတယ်…”
“မီးပွတ်ခုံကို မီးပွတ်သည်ရှိသော် မီးသည်ဖြစ်လာ၏။ ထိုမီးသည် ဖြစ်လာရာ ပွတ်ခုံကိုပင် လောင်ကျွမ်း၏။ ထို့အတူ ပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူအား နင်လား ငါလား ချုပ်ချယ်သော အမျက်ဒေါသသည် ထွက်လာခဲ့၏။ ထိုအမျက်ဒေါသသည် အမျက်ဒေါသထွက်လာသူကိုပင် (ဦးစွာ) လောင်ကျွမ်း၏။” 
                                                                                                       (စူဠဗောဓိဇာတ်)တဲ့ဗျာ။
“အဲဒီစာပိုဒ်ကို ဖတ်ရင်း ကျွန်တော့်နားထဲမှာ ပညာမရှိ၊ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူဆိုတဲ့ စာကြောင်းက အသံတွေထွက်ပြီး ပဲ့တင်ထပ်နေသလိုပဲ။ ကျွန်တော့်အိမ်အပေါ်ထပ်ကို တက်တော့လဲ အဲဒီပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူ ဆိုတဲ့ အသံက လိုက်ပါလာသလိုပဲ။ အောက်ထပ်ဆင်းတော့လဲ အဲဒီအသံက ကျွန်တော်နဲ့အတူ ဆင်းလိုက်လာသလိုပဲ၊ သစ်တုံးကြီးကို မိုက်မိုက်မဲမဲနဲ့ တစ်အားကုန် တွန်းဖယ်ပစ်လိုက်တဲ့ ၀က်ဝံကြီး။ ပြီးတော့ သူ့ဆီကို အရှိန်ပြင်းစွာနဲ့ လွှဲပြီး ပြန်လာနေတဲ့ သစ်တုံးကြီးကိုလည်း မြင်ယောင်နေတယ်ဗျာ…”
“ကျွန်တော်က အိပ်ရာပေါ်မှာ လဲချလိုက်ပြီးတော့ အဖေရေးဆွဲထားတဲ့ မီးပွတ်ခုံကလေးကို ကြည့်မိတယ်၊ မီးမတောက်သေးတဲ့ မီးပွတ်ခုံကလေး၊ မီးသေနေတဲ့ ခုံကလေး၊ သစ်တုံးတစ်တုံးပေါ်မှာ တင်ထားတဲ့ မီးပွတ်ခုံ ကလေးပါဗျာ…”
“ကျွန်တော် ဖျတ်ကနဲ နိုးလာတယ်၊ ကျွန်တော့်ရင်ဘတ်ပေါ်မှာ အဖေ့စာအုပ်ကလေးကို ပိုက်မိလျက်သားပါပဲ၊ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် (၄)နာရီ ထိုးခါနီးပြီ။”
(၄)နာရီတိတိမှာ ကျွန်တော့်တပည့်ထံကို ဖုန်းဆက်ပါတယ်။ သူက အသင့်စောင့်နေတာဆိုတော့ ချက်ချင်းပဲ ဖုန်းကိုင်တယ်။ ကျွန်တော်က သူ့ကို လုပ်ရမယ့် အစီအစဉ်တွေကို ဖျက်လိုက်ကြောင်း၊ ပဲခူးက အဖေ့ဆီကို ကန်တော့ရန် သွားမှာမို့လို့ ကားကို ဆီထပ်ဖြည့်ပြီး (၇)နာရီအရောက် အိမ်ကိုလာဖို့သာလိုကြောင်း ပြောလိုက်ပါတယ်။
ကျွန်တော်ဗျာ…သံသရာရှည်သည့်အထိ လိုက်ပြီး ပူလောင်စေမယ့် ဒေါသမီးကို အချိန်မီ ငြိမ်းသတ်လိုက်နိုင် ပါတယ်။ အဖေနဲ့ ဆရာကြီးလီယိုတော်လ်စတွိုင်းတို့က ကျွန်တော့်ကို ကူပြီး ငြိမ်းသတ်ပေးခဲ့ကြတာပေါ့။ ကျွန်တော့် ကျေးဇူးရှင်တွေပေါ့ဗျာ။
            အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်ခြင်း အကြောင်းကို သူ ပြောဆို ပြီးဆုံးသွားသောအခါ သူ့အတွက် ဆတက်ထမ်းပိုး ၀မ်းသာမိသော ကျွန်တော်က “သာဓု" သုံးကြိမ်ခေါ်လိုက်မိပါသည်။
နန္ဒာသိန်းဇံ..။
15/12/2011 22:28
ဆရာ အော်ပီကျယ်၏ ဆွေးနွေးချက်
ပည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ
၂၀၁၁ ဇူလိုင် ၂၀ရက်၊ နေ့လည် ၁နာရီမှ ၄နာရီ၊ Central Hotel
The Fourth Estate Symposium တွင်အော်ပီကျယ်၏ ဆွေးနွေးချက်
အရင်တစ်ပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ - - -” လို့ စကားစလိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင်- ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့ကို နောက်နေတယ်ထင်ပြီး စကားဆက်မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲ ဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလားတွေးပြီး စကား မဆက်ရဲတော့ဘူး။
ကျွန်တော်တို့က စာပေသမားတွေဆိုတော့ စတုတ္ထမဏ္ဍိုင်နဲ့ စာပေလွတ်လပ်ခွင့်အကြောင်း အရပ်ထဲမှာလည်း အမေးခဲ့ရတယ်။ “သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်က အင်မတန်အရေးကြီးတယ် လို့ ပြောသွားတယ်လေ။ ကိုမြင့်မောင်ကျော်၊ ကိုအော်ပီကျယ်- ခင်ဗျားတို့ ရေးနေတာ အရင်အတိုင်းပဲ၊ ဘာလုပ်နေတာလဲ။ ဟိုမှာ ပေးနေပြီလေ” လို့ ရပ်ကွက်ထဲမှာ အပြောခံရတယ်။ သူတို့အမြင်မှာ ခွင့်ပြုပေးလျက်နဲ့ ကိုယ်တောင် တာဝန်မကျေသလိုလို ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို ထိန်းကျောင်းပေးရမယ်လို့ ဆိုလိုတာပေါ့။ တနည်းပြောရရင် ဟောင်ပေးရသောခွေး (Watchdog) လို့လည်း ခေါ်ကြတယ်။ ယဉ်ယဉ်ကျေးကျေးဆိုရင် ခေါင်းလောင်းထိုးသူတွေ ပေါ့။
ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ရင် of the people, by the people, for the people လို့ ဆိုကြတယ်။ ဒီအခန်းအနားမစခင်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့တွေ့တော့ “ဘာတွေလုပ်နေ၊ ဆွေးနွေးနေလဲ” လို့ မေးမိတယ်။ သူက “ဆွေးနွေးနေတာတွေ အတည်မပြုရသေးခင် ပြောခွင့်မရှိဘူး” တဲ့။ ဒါဆို by the people က ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ပြည်သူလူထု people က တို့အတွက် (for the people) ဖြစ်ရဲ့လားဆိုတာ သိခွင့်မရှိဘူးဆိုတဲ့သဘော ဖြစ်နေတယ်။
ကိုယ်က ကာတွန်းဆရာဆိုတော့ ကာတွန်းတွေး တွေးတယ်။ စတုတ္ထမဏ္ဍိုင် ဆိုပေမဲ့ သုံးချောင်းထောက်ထိုင်ခုံတွေ တွေ့တိုင်း “အော်- သုံးချောင်းထဲနဲ့လည်း ဖြစ်သားပဲ” လို့ တွေးမိတယ်။ အရက်ဘားတွေမှာ ဒေါက်တိုင်တစ်ချောင်းတည်းနဲ့ ခုံတွေ တွေ့ရတော့လည်း “တစ်ချောင်းတည်း ထောက်ထားတဲ့ ခုံတွေလည်း ရှိနေတာပဲ” လို့ တွေးမိပြန်တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ထိုင်ခုံကျတော့ အောက်ဘက်မှာ တန်းလေးတစ်တန်း ရိုက်ထားတယ်။ တိုင်တွေ မရွဲ့စောင်းအောင် ချုပ်တန်းသဘောရိုက်ထားတာလားလို့ မေးတော့- မိတ်ဆွေက “ မဟုတ်ဘူး၊ ခြေတင်ဖို့ လုပ်ထားတာ” တဲ့။ အဲဒီတိုင်လေး စတုတ္ထမဏ္ဍိုင် ဖြစ် မဖြစ် တွေးမိတယ်။
ကျွန်တော်တို့ စာနယ်ဇင်းမှာ တွေ့နေတာ ရှိတယ်။ အဘိုးကြီးတစ်ယောက်က မြေးဖြစ်သူကို ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ ခွေးတစ်ကောင်က စိတ်ဓာတ် ယုတ်ညံ့တယ်၊ ရန်လိုတယ်၊ အတ္တကြီးတယ်။ နောက်တစ်ကောင်က စိတ်ရင်းကောင်းတယ်။ သိမ်မွေ့တယ်။ အများအကျိုး ကြည့်တတ်တယ်။ တစ်နေ့မှာ အဲဒီခွေးနှစ်ကောင် ကိုက်ကြရော တဲ့။ နားထောင်နေတဲ့ မြေးက “ဘယ်ခွေး နိုင်သွားလဲ”လို့ သိချင်ဇောနဲ့ မေးလိုက်တယ်။ အဘိုးဖြေလိုက်တာက “ငါမွေးထားတဲ့ခွေး နိုင်တာပေါ့” တဲ့။ အဲဒီလို ငါမွေးထားတဲ့ခွေး ပြဿနာတွေလည်း ရှိတာပဲ။
မီဒီယာက မှားတဲ့သူကို မှန်အောင် လုပ်နိုင်တယ်။ မှန်တဲ့သူကိုလည်း မှားအောင် လုပ်နိုင်တယ်တဲ့။ မီဒီယာအင်တာဗျူးတွေမှာ မေးခွန်းကမှန်ပေမဲ့ မှားတဲ့သူကို သွားမေးတာတွေ တွေ့ရတယ် (Right Question, Wrong People)။ တစ်ခါတစ်လေ Wrong Question, Right People တွေ ရှိတယ်။
အခု စာပေလွတ်လပ်ခွင့် အချို့အဝက် ရလာတော့ မဆိုးဘူး၊ ကောင်းတယ်လို့ မြင်တဲ့ အကောင်းမြင်သမားတွေ တွေ့ရတယ်။ ကျွန်တော်က ကာတွန်းဆရာဆိုတော့ အဆိုးမြင်တတ်သူလို့ ထင်ကြတယ်။ ကျွန်တော် အဆိုးမြင် မဟုတ်ပါဘူး။ အမှန်မြင်ပါ။ အကောင်းမြင်၊ အဆိုးမြင်ကို ရေခွက်ထဲမှာ ရေတစ်ဝက်ရှိတာနဲ့ ဥပမာပေးကြတယ်။ အကောင်းမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်လို့ မြင်တယ်။ အဆိုးမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် လျော့နေတယ်လို့ မြင်တယ်။ ဒီဥပမာမှာ ပမာဏ၊ အရည်အတွက် ကိုပဲ ကြည့်တာဆိုရင် ကိစ္စမရှိဘူး။ ကျွန်တော်က ရေဆာနေလို့ အခုရတဲ့တစ်ဝက်သောက်မယ်။ နောက်တစ်ဝက်ထပ်ရတဲ့အခါ ထပ်သောက်ရင် ဗိုက်ပြည့်မယ်။ အရည်အချင်းသဘောဆိုရင်တော့ ကိစ္စရှိတယ်။ ရေဆူရမယ့် ကိစ္စမျိုးဆိုရင် ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေဆူမယ်။ ရေထဲက ပိုးမွှားတွေ သေမယ်။ အဲဒီနေရာမှာ ၅၀ ဒီဂရီပဲ အပူရမယ်။ တော်ကြာ အေးသွားပြီးမှ နောက် ၅၀ ဒီဂရီ ထပ်ရမယ်ဆိုရင် တစ်သက်လုံး ၁၀၀ ဒီဂရီ မရောက်တော့ဘူး။ ရေက ဘယ်တော့မှ မကျက်တော့ဘူး။ မကျက်တဲ့ရေသောက်ရင် ဝမ်းလျှောမယ်။ ပိုးတွေကလည်း မသေတော့ဘူး။ ဒါ အကောင်းမြင်လဲ မဟုတ်ဘူး။ အဆိုးမြင်လည်း မဟုတ်ဘူး။ အမှန်အတိုင်း မြင်တာပါ။ အပြောင်းအလဲဖြစ်ဖို့ မြန်ဖို့ မလောပေမဲ့ မှန်ဖို့တော့ လိုတယ်။ တစ်ရင်ချင်းပဲ လျှော့လျှော့၊ တစ်လှမ်းချင်းပဲ သွားသွား ဘယ်လောက်ကြာမှာလဲဆိုတာကတော့ အရေးကြီးတယ်။ မဟုတ်ရင် ကျွန်တောတို့ ၅၀ ဒီဂရီပဲ အပူပေးထားတဲ့ မကျက်တဲ့ရေကိုပဲ သောက်နေရသလို ဖြစ်နေမယ်လို့ ထင်ပါတယ်။
စတုတ္ထမဏ္ဍိုင် ကာတွန်း ၁
စတုတ္ထမဏ္ဍိုင် ကာတွန်း ၂
စတုတ္ထမဏ္ဍိုင် ကာတွန်း ၃
စတုတ္ထမဏ္ဍိုင် ကာတွန်း ၎
စတုတ္ထမဏ္ဍိုင် ကာတွန်း ၅
စတုတ္ထမဏ္ဍိုင် ကာတွန်း ၆
11/12/2011 21:46
ဆန်း နှင့် ကြည် (ဒဂုန်တာရာ)
ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့က ဗုံးကြဲလိုက်သည်။ထိုအခါ အသွားအလာများ ပျက်ကုန်တော့သည်။ ခါတိုင်း သွားနေကျ ဧရာဝတီသင်္ဘောလည်း မရှိတော့။ သည်တော့ ဘိုကလေးမှ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပန်းချီဆရာ ကို အုန်းလွင် တို့ ပါလာသော မော်တော်ဘုတ် ကျိုက်လတ်ဆိုက်သည်နှင့် ကျနော်လိုက်သွားသည်။ ညဘက် ရန်ကုန်ဆိပ် ကမ်းသို့ ကပ်ခွင့်မရ၍ ခနောင်တို့ဘက်တွင် တညအိပ်၍ နောက်နေ့ နံနက်စောစော ရန်ကုန် ရောက်သွားသည်။
ကြည့်မြင်တိုင် ဆိပ်ကမ်းမှနေ၍ အလံပြဘုရားလမ်းမှနေ၍ အလံပြဘုရားလမ်းရှိ ပတ်ခ်ဟိုတယ်သို့ တန်းသွားလိုက်သည်။ ကျနော်တို့ မိတ်ဆွေများနှင့်တွေ့ပါပြီ၊ ကျောင်းသားသမဂ္ဂ လုပ်ဖေါ်ကိုင်ဖက်များ၊ သူတို့သည် ဗမာ့လွတ်လပ်ရေးတပ်မ တော်သားများ ဖြစ်နေကြပေပြီ။ လန်ကတ်စတာလမ်းထောင့်ရှိ မက်သဒစ်ကျောင်း (ယခု အထက ၁ ဒဂုံ) သည် BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ စစ်ရုံးချုပ်ဖြစ်နေပေပြီ။ ယင်းဗမာ့တပ်မတော် စစ်ရုံးချုပ်ရှေ့ဘက်ရှိ ယခင် အင်္ဂလိပ် သံ အမတ်ကြီး အိမ်တွင် ဗိုလ်အောင်ဆန်းကို သွားတွေ့ရသည်။
ဗိုလ်လက်ျာကခေါ်၍ ပါသွားသည်။ ကိုအောင်ဆန်းကို ရေညှိစိမ်းရောင် သက္ကလပ်စစ်ဝတ်စုံနှင့် ခါးတွင်လည်း ဓားချိတ် လျက်။ ကျနော့် စိတ်ထဲတွင် တမျိုးဖြစ်သွားသည်။ အံ့လည်း အံ့ဩသွားသည်။ကျနော် မျှော်လင့်သော သခင်အောင်ဆန်း ၏ ရုပ်ပုံလွှာ။
ယခင် မြင်နေကျ သခင်အောင်ဆန်း၏ ရုပ်ကားချပ်ကတော့ ပင်နီအပေါ်ဖုံး၊ ရွှေတောင်လုံချည်နှင့်၊ သမိုင်းဆိုသည်က လည်း ပြောင်းလဲတတ်သည်မဟုတ်ပါလား။ ယခင်ကတော့ သခင်အောင်ဆန်း၊ သူက သခင်အောင်ဆန်း ခေါ်လျှင်ကြိုက် သူ၊ ယခု ဗိုလ်ချုပ်အောင်ဆန်းတဲ့။ ထိုအခါ ဗိုလ်တေဇ ဟုလည်း ခေါ်သည်။ နာမည်က မတွင်၊ ဗိုလ်အောင်ဆန်း နာမည် ကသာ သမိုင်းတွင်သွားသည်။
ခရစ်ယာန် ဘုရားရှိခိုးကျောင်းအနီးရှိ ပတ်ခ်ဟိုတယ်တွင် ကျနော်မတည်း၊ လူများနေသည်။ ကျနော်နှင့် ကျောင်းနေဖက် ကိုထွန်းလှ ခေါ်သွားသော လန်ကတ်စတာလမ်းရှိ ထရီနီတီဂေဟာဟုခေါ်သော အမျိုးသမီးဆောင်သို့ ရောက်သွားသည်။ အမျိုးသမီးဆောင်တွင် တနင်္သာရီဘက်တွင် ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်ရာလမ်းကြောင်းရှိ အုပ်ချုပ်ရေးဖွဲ့လျှင်သုံးရန် ခေါ်လာသော တက္ကသိုလ်ကျောင်းသားများ စုနေသည်။ ဘော်ဒါဆောင် သဘော။ ကျနော် အဲ သည်မှာ တည်းလိုက်သည်။ ကျနော့်အတွက် စန္ဒရားတလုံး ယူပေးထားသည်။ အတော်ပဲ။
(ခ)
တညနေတွင် ကိုအောင်ဆန်း ဆေးရုံတက်နေသည်ဆို၍ သွားကြည့်ရန် ကျနော့်ကို လာခေါ်ကြသည်။ သူတို့ကတော့ သခင်သန်းထွန်း၊ ကိုဗဟိန်း၊ ဗိုလ်လက်ျာ၊ ကိုကျော်ငြိမ်းတို့ ဖြစ်ကြသည်။ အခန်းကျယ်ကြီးထဲတွင် ဗိုလ်အောင်ဆန်းကို ခုတင်တလုံးနှင့် တွေ့ရသည်။ သူတို့က ကျနော့်ကို ‘ခင်ဗျား လူကြီး ကြည့်လုပ်ဦးဗျ၊ ကြည်တိုက်မှ ဆေးသောက်မယ် ဖြစ် နေတယ်ဗျ’ ဟု သူ့ဇာတ်လမ်းကို ပြောပြကြသည်။ ကိုအောင်ဆန်းကတော့ မထုံတက်သေး။ ကျနော်ကတော့ ပြုံးလိုက်မိ သည်။
‘ခင်ဗျားနဲ့ မိတ်ဖွဲ့ပေးရမယ်ဗျ၊ လာ၊ မခင်ကြည်နဲ့ မိတ်ဖွဲ့ပေးရမယ်၊ အပေါ်ဆုံးထပ်မှာနေတယ် လာ’ ဟု တယောက်က ပြော၍ ကျနော်တို့ လူစုသည် ဆေးရုံကြီးလုပ်ထားရာ အပေါ်ထပ်သို့ တက်သွားကြသည်။ (ဒိုင်အို မိန်းကလေးကျောင်းကို စစ်အတွင်းက ပြည်သူ့ဆေးရုံအဖြစ် ပြုလုပ်ထားသည်) သုံးထပ်တွင်ဖြစ်မည် ထင်သည်။
အထဲရောက်သောအခါ ဆရာမ မခင်ကြည်နှင့် မိတ်ဆက်ပေးသည်။ ဧည့်ခန်းတွင် စန္ဒရားကြီးတလုံးရှိသည်။ ‘တယောက် ကို သီချင်းဆိုခိုင်းရမယ်ဗျ၊ ခင်ဗျားတီး’ ကျနော့်ကို စန္ဒရားရှေ့သို့ပို့လိုက်သည်။ မခင်ကြည်က အခန်းထဲပြန်ဝင်သွားသည်။ စန္ဒရားခလုပ်များကို ကျနော် စမ်းကြည့်လိုက်သည်။ တီးလို့မရ၊ အသံများ ပျက်နေသည်။ ကြိုးညှိမထားသဖြင့် ဘယ်လိုမှ တီး၍မရ၊ ကျနော်ကလည်း ဇီဇာကြောင်သည်။ စန္ဒရား အသံကောင်းကောင်းမှ တီးချင်သည်။
‘လုပ်လေဗျာ၊ သီချင်း တပုဒ်’ တယောက်က ပြောလိုက်သည်။
‘တီးလို့ မရဘူးဗျ၊ ကြိုးကျနေတယ်၊ တီးရင် အသံကြောင်တယ်’ သူတို့က နားမလည်။ ထို့နောက် ကော်ဖီများရောက်လာ သည်။ ကိုအောင်ဆန်း၏ ချစ်သူ မခင်ကြည်က ပြန်ထွက်မလာ။ ကျနော် ကောင်းစွာမှတ်မိနေသည်။ ထို့နောက် ကျနော် တို့ ပြန်ခဲ့ကြသည်။ သူတို့ အသိုင်းအ၀ိုင်းတွင် ကျနော်တယောက်သာ စန္ဒရားတီးတတ်၍ ကျနော့်ကို မကြာခဏ တီးခိုင်း သည်။ မခင်ကြည် ပြန်ထွက်မလာသည်ကို သတိပြုမိသည်။ ရှက်နေဟန်တူသည်။ ကျနော်တို့ လူစုမှာ အသက်ပင် ၃၀ မ ကျော်သေး။ ကျနော်က သည်အသိုင်းအ၀ိုင်းထဲတွင် အသက်အငယ်ဆုံး။ ထိုအခါက အသက် ၂၂၊ ကိုအောင်ဆန်းက ၂၆ နှစ်၊ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ကလည်း ကျနော့်ထက် ကြီးကြသူများ ဖြစ်သည်။
မခင်ကြည်ကို ကျနော်က ကြည့်ကောင်းသူဟု ခံစားမိသည်။ မျက်ခုံးမွှေး ထူထူ၊ မျက်နှာထားလည်း ချိုသည်။ ကြည်လင် ချိုမြ၊ လှေကားထစ်မှ ကျနော်တို့ ဆင်းလာသောအခါ ချောသားပဲဗျ၊ ကိုအောင်ဆန်း ရွေးတာမဆိုးဘူး’ ဟု ကျနော်က ပြောလိုက်သည်။ သူတို့ကလည်း တယောက်တပေါက် ပြောကြပြန်သည်။
ထိုအခါက ကျနော်တို့သည် ငယ်ရွယ်သူများ ဖြစ်သည်။
(ဂ)
ကိုအောင်ဆန်း ပြည်သူ့ဆေးရုံကြီးမှ မခင်ကြည်ကို လက်ထပ်မည်ဟူသောသတင်းမှာ ကျနော်တို့ အသိုင်းအ၀ိုင်းတွင် ပျံ့ နှံ့သွားသည်။ ယင်းသို့ ဂျပန်ဝင်စက ကျနော်တို့ အသိုင်းအ၀ိုင်းမှာ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်။ ပထမဦးဆုံး လက်ထပ်သူက ကိုလှအောင်၊ သူက ဖျာပုံသူ သန်းသန်းနှင့် လက်ထပ်သည်။ မင်္ဂလာလက်ထပ် ထမင်းစားပွဲ တွင် ကျနော် စန္ဒရားတီးသည်။ လူများများမဟုတ်၊ ကျနော်တို့ အသိုင်းအ၀ိုင်းသာ။ ဗိုလ်လက်ျာ ရွှေတောင်ကြားရှိ ဧည့် ခန်းဆောင်တွင် ကျနော်တို့ လူစု စုဝေးနေကြသည်။ ကျနော်ရောက်သည့်အချိန်တွင်တော့ ထိုအခါက နာမည်ကျော်ကြား နေသော စန္ဒရားဆရာ စိန်ဝေလျှံက တီးနေသည်။ ကိုအောင်ဆန်းက ကျနော် ရောက်ပြီးမကြာခင် စိန်ဝေလျှံရှိရာသို့ သွား ကာ ‘ခဏနေဦးဗျ၊ ဌေးမြိုင် စန္ဒရားတီးမလို့’ ဟု ပြောလိုက်သည်။ ကျနော် အံ့ဩသွားသည်။ ဘယ်နဲ့ဗျာ တယောက်တီး နေစဉ် သီချင်းမဆုံးခင် ရပ်ခိုင်းရသည်လို့။ ကျနော် မအံ့ဩတော့ ကိုအောင်ဆန်း က သည်လိုလူမျိုး။
လွန်ခဲ့သော တပတ်ခန့်ကပင် သခင်မြအိမ်ရှိ စန္ဒရားကို ကျနော်တီးနေစဉ် ကိုအောင်ဆန်း စစ်ဝတ်စစ်စားနှင့်ဝင်လာသည် ကျနော်ဘေးတွင် ကိုထွန်းလှက သီချင်းဆိုနေသည်။ ‘သည်လိုအခါမျိုးမှာ ချစ်ကြမယ် ကြင်နာကြမယ် သီချင်းကမဟန် ဘူးဗျ’ ဟု ကျနော့်ကို ကြည့်ကာ ပြောလိုက်သည်။
ကျနော်က ပထမတော့ သူ့ကိုလှမ်းကြည့်ရင်း ဘယ်လိုလူပါလိမ့်ဟု တွေးမိသည်။ ကျနော်ဆက်တီးသည်။ ကိုအောင်ဆန်း ကလည်း ဆက်ပြောသည်မဟုတ်။ ချက်ချင်း ဒေါက်ဒေါက်နှင့် အပြင်သို့ထွက်သွားသည်။ ဟောအခုကျတော့ ကျနော့်ကို အတင်းတီးခိုင်းပြန်သည်။ ကျနော်က မတီးချင်၊ မတီးချင်သည်မှာ အခြားမဟုတ် စိန်ဝေလျှံတီးနေသည်ကို ရပ်ခိုင်း၍ ကျ နော့်ကို တီးခိုင်းသည်ကို ကျနော်မကြိုက်။ သူကတော့ မရ။ ကျနော်က ထိုင်နေရာမှမထသည်ကို လက်နှင့်ခေါ်ပြီး အတင်း လုပ်ပါဦးဗျ။ ကဉ္စနသီိချင်းဟု ဆိုလိုက်သည်။ အားလုံးပျော်ပျော်ပါးပါး ကျနော် သီချင်းတီးလိုက်သည်။ ဖန်ခွက်ထဲတွင် ရွှေရောင်တဖျတ်ဖျတ် ဆာကေးနံ့ တသင်းသင်း။
အပေါင်းအသင်းများမှာ ကသူ က။ ဦးဘဂျမ်းက ဖိုးဝရုပ်ကြီးကဲ့သို့ တလှုပ်လှုပ်၊ တယောက်ပြီးတယောက် လက်ထပ်သွား ကြသည်ကို ကျနော် အံ့ဩနေသည်။ သခင်ချစ်၊ ကျောင်းဆရာသခင်ချစ်က သူ့တပည့်မလေး ခင်သန်းညွန့်နှင့် လက်ထပ် သည်။ သည်လူတွေ ဘယ်လို လူတွေလဲ။ ကျနော် တွေးမိသည်။ သူတို့ကို ကောင်းစွာနားမလည်။ ကျနော့်ကိုလည်း တ ယောက်ယောက်နှင့် စနေကြသည်။ အဆိုးဆုံးက ဗိုလ်စင်္ကြာ၊ သူက ကျနော့် စန္ဒရားလက်သံကို သဘောကျနေသည်။သူ့ အိမ်ရှိ ပြင်သစ်ပလေရယ် သုံးချောင်းထောက် စန္ဒရားကြီး၊ ဂရင်းပီယာနို ကျနော်ပဲ တီးရသည်။ သူနှင့်အတူနေသူ ဂျော်ဂျီ ကိုတင်အောင်က အင်္ဂလိပ်သီချင်းကြီးများကို ကောင်းစွာတီးတတ်သူ၊ ဗမာသီချင်းတော့ သူ မတီးတတ်၊ ကိုတင်အောင် မှာ ၁၉၃၆ က အိုးဝေမဂ္ဂဇင်း ကော်မတီတွင် ပါသူ၊ (နောက်ပိုင်းတွင် ကိုတင်အောင်သည် မခင်ကြည်၏ ညီမအမာနှင့် လက်ထပ်သွားသည်) ကျနော်ကတော့ ကိုအောင်ဆန်း လှော်တာဖြစ်မှာပဲဟု တွေးမိသည်။ ဟုတ်မဟုတ်တော့ မသိ။
ထိုအခါက ကျနော်သည် ရွှေတောင်ကြားရှိ ဗိုလ်လက်ျာအိမ်မှ စန္ဒရားကိုတီးဖြစ်သည်။ ရွှေတောင်ကြားရှိ ဗမာ့လွတ်လပ် ရေးတပ်မတော် အရာရှိကြီးများ နေထိုင်သော အိမ်တိုင်းလိုလို စန္ဒရားရှိသည်။ သို့သော် တီးသူက မရှိ။ ကျနော်ကို သူတို့ ကမျှော်တတ်ကြသည်။ ကျနော် ဗိုလ်လက်ျာအိမ်မှ စန္ဒရားကို သိပ်ကြိုက်သည်။ အသံက ချိုသည်။ ကျနော် တီးနေစဉ် ကို အောင်ဆန်းကားကြီးနှင့် ရောက်လာသည်။ ထိုအခါက ဗိုလ်လက်ျာ အိမ်တွင် ကိုဗဟိန်းနေသည်။
‘ကိုဗဟိန်း ဘယ်မလဲဗျ’ ဟု ကျနော်ကို လှမ်းမေးမှ စန္ဒရားကိုရပ်ကာ ‘မရှိဘူး ကိုအောင်ဆန်း ကိုဗဟိန်းအပြင်ထွက်သွား တယ်’
‘လာဗျာ ကျနော်နဲ့ လိုက်ခဲ့စမ်းပါ မဂိုလမ်းမှာ ပလာတာသွားစားရအောင်’ ဟု ရပ်ရင်းပြောသည်။ ‘နေပါဦးဗျ ဖြည်းဖြည်း ပေါ့’ ကျနော်က မဂိုလမ်းကို ပလာတာသွားစားမည်ကို သိပ်မကြိုက်၊ သူက ဗိုလ်ချုပ်ဖြစ်ပြီမဟုတ်လား၊ သည်နေရာမျိုးကို တယောက်တည်း မသွားသင့်ဟု ထင်သည်။ ကျနော်က သိပ်မလိုက်ချင်၊ သူထိုင်ပြီးနောက် ကျနော်တို့ နှစ်ယောက်စကား တပြောပြော၊ သူက လက်ထပ်မည်အကြောင်း ကျနော့်ကို ပြောသည်။ ‘ကျနော် သိနေတဲ့ ကိစ္စပဲ၊ အိမ်ထောင်မှုဆိုတာ လည်း အနုပညာရှိတယ်ဗျ’ ဟု သူက ကျနော်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်သည်။
ကိုအောင်ဆန်းက အင်္ဂလိပ်လို တခါတရံပြောတတ်သည်။ ကျနော်က ပြုံးလိုက်သည်။ ကျနော်က အနုပညာသမားဆို၍ ကျနော်ကို သည်စကားပြောခြင်းဖြစ်မည်။ ကျနော်တို့ စကားပြောလိုက်သည်မှာ အတော်ကြာသွားပြီ။ သူလည်း ပလာတာ စားချင်စိတ် ပျောက်သွားပြီလား မသိ၊ ကျနော့်ကို မခေါ်တော့။
မကြာမီပင် ပြည်သူ့ဆေးရုံကြီး ဧည့်ခန်းအောက်ထပ်တွင် လက်ထပ်ပွဲကျင်းပသည်။ ထိုအခါကတော့ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်သည့် သတင်းမှာ ဟိုးဟိုးကျော်သွားသည်။ ကိုအောင်ဆန်း လက်ထပ်သွားသည်။ လက်မထပ်ခင် ၂ လ လောက်ကလားမသိ၊ သူနှင့် ကျနော်တို့ အတူနေကြသေးသည်။
ပထမ ကျနော် ဗိုလ်ဇေယျအိမ်တွင်နေသည်။ ဗိုလ်ဇေယျအထက်ဗမာပြည် စစ်ထွက်သွားပြီး သခင်တင်ဦးနှင့် ကျနော်တို့ ကိုအောင်ဆန်းအိမ်သို့ ပြောင်းသွားကြသည်။ ကိုအောင်ဆန်းက သူနှင့်အတူလာနေရန်ခေါ်သဖြင့် ပြောင်းသွားကြခြင်းဖြစ် သည်။ လက်ထပ်အပြီးတွင် ရွှေတောင်ကြားရှိ အမြောက် ၂ လက်နှင့် အိမ်မှ အင်းလျားကန်ဘေးရှိ တထပ်အိမ်လေးသို့ ပြောင်းသွားသည်။ ထိုအခါက အရေးတော်ပုံ ရာဇ၀င်အမည်ရှိ စာအုပ်တအုပ် ရေးနေသည်။ ယင်းစာအုပ်ကို ကိုဗဟိန်းက တော့ ကျနော့်ကိုသာ ရေးစေသည်။ ရေးစေလိုသည်မှာ အခြားအကြောင်းမဟုတ်၊ ဂျပန်သို့ သွားသည့်အကြောင်း။
ကျနော်က ရဲဘော်သုံးကျိပ်ဝင်များကို လိုက်မေးရသည်။ ထိုအခါကတော့ ဗိုလ်ရန်အောင်နှင့်သာမေးရသည်။ယင်းစာအုပ် ရေးသည့်ကိစ္စနှင့်ပတ်သက်၍ ကျနော် ကိုအောင်ဆန်းထံသွားသည်။ သူက လက်ထပ်ခါစ အင်းလျားကန်ဘေးရှိ အိမ် တွင်  နေသည်။ သခင်တင်ဦးနှင့် ကျနော်တို့သွားကြသည်။ မခင်ကြည်နှင့် အတူတွဲ၍ အိမ်ပေါ်မှ ဆင်းလာကြသည်။
ကျနော်တို့သည် ဆင်ဝင်မှနေ၍ အိမ်ထဲသို့ဝင်ပြီး စကားပြောကြသည်။ သူတို့နှစ်ယောက် ရွှင်ပျနေသည်ကို ကျနော်သတိ ထားမိသည်။ ကိုအောင်ဆန်းသည် ယခင်လို ရှုသိုးသိုး မျက်နှာမျိုး မဟုတ်တော့။ ယခုတော့ ပြုံးစစ၊ ချိုမြမြ၊ မခင်ကြည်ကို လည်း ကျနော်က ယခင်က ထင်ထားသည့်အတိုင်း ချောမောသူဟု နားလည်ထားသည်။ သခင်တင်ဦးနှင့် ကျနော်တို့ နှစ် ယောက်သည် ကိုအောင်ဆန်းတို့ လင်မယား အိမ်မှပြန်လာကြသည်။
သခင်တင်ဦးနှင့် ကျနော်က စာအုပ်အကြောင်းလည်းတွေး၊ ကိုအောင်ဆန်းတို့ အကြောင်းလည်းတွေး။ သူ့ဘ၀ ဆန်းသစ် လာပြီဟု ကျနော်က တွေးနေသည်။ ကျနော်တို့ အသိုင်းအ၀ိုင်းတွင် သူကတမျိုး၊ မျက်မှောက်ကြုတ်ကြုတ်၊ သူက လွတ် လပ်ရေးအကြောင်းကိုသာ တွေးနေသည်။ ယခု အိမ်ထောင်ကျပြီဆိုတော့ သူ၏ဘ၀သည် ရွှန်းပလာပြီဟု ကျနော်က တွေးနေမိသည်။
ထိုကာလက ကျနော်တို့၏ အသိုင်းအ၀ိုင်းများဖြစ်သော ဗိုလ်ဇေယျ စသူတို့လည်း လက်ထပ်သွားကြသည်။ သခင်သန်း ထွန်းက မခင်ကြည်အမနှင့် လက်ထပ်သွားသည်။ ဗိုလ်ဇေယျမှာ ၁၉၃၉ မန္တလေး အရေးတော်ပုံတွင် ပုလိပ်များ ပစ်ခတ်မှု ကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေစဉ်က ပန်းသီးလာပေးသော ကျောင်းသူလေးနှင့် လက်ထပ်လိုက်သည်။ ဗိုလ်လက်ျာ ကလည်း ပဲခူးသူ မခင်လှနှင့် လက်ထပ်သွားသည်။ အလှက ကျနော်နှင့် သီချင်းဆိုဖက်။
သူတို့ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်ကို ကျနော် ဤသို့တွေးသည်။ ကျနော်က ကိုဗဟိန်းလက်ထပ်ပြီး စ စစ်မဖြစ်မီ ကာလက အိမ်ထောင်ရေးအကြောင်း ဆွေးနွေးဖူးသည်။ ကျနော် ကိုဗဟိန်း၏အတွေး အခေါ်ကို မှတ်မိနေ သည်။
ကိုဗဟိန်းက လက်ထပ်တယ်ဆိုတာ ဒုက္ခ သုတ်ခတွေကို ဝေမျှဖို့ပဲဗျဟု ပြောသည်။ ယခုလည်း သူတို့သည် ဖက်ဆက် ဂျပန်များနှင့်ပေါင်းရန် ရည်ရွယ်ချက်ရှိသည် မဟုတ်၊ သို့သော် သမိုင်းဆိုသည်က တမျိုး၊ ကိုအောင်ဆန်းသွားသည်က တရုတ်ပြည်၊ ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် အမွိုင်သို့သွားခြင်းဖြစ်သည်။ သို့သော် ‘သမိုင်း ကံကြမ္မာ’ ကြောင့် ဂျပန် သို့ ရောက်သွားကြသည်။ သူတို့ ဖက်ဆစ်များနှင့် မပေါင်းချင်သည်ကို ကျနော်သိနေသည်။ ထို့ကြောင့် သူတို့ စိတ်ဓာတ် ကျနေသည်ဟု ကျနော်တွေးသည်။ စိတ်ဓာတ်ကျသည့်အခါ မိမိ၏ စိတ်ဆင်းရဲမှုကို ဝေမျှမည် ချစ်သူကို တမ်းတမိသည်။ ထို့ကြောင့် သူတို့သည် တယောက်ပြီး တယောက်လက်ထပ်သွားကြသည်ဟု ယူဆမိသည်။ ကိုကျော်ငြိမ်းလည်း ဂျပန် ခေတ်ကတည်းက လက်ထပ်သွားသည်။ သူ့ဇနီး မနွယ်က ကျနော်နှင့် ကျောင်းနေဖက်။
လက်ထပ်ခြင်း ဆိုသည်မှာ မိမိတို့ ဘ၀၏ အဆိုးအကောင်း အတွေ့အကြုံကို ဝေမျှခံစားခြင်းဟု ယနေ့တိုင် တွေးနေသည် တယောက်တည်း စိတ်ဆင်းရဲခြင်းထက် မိမိစိတ်ဆင်းရဲခြင်းကို ဝေမျှမည့် ချစ်သူနှင့် နေရခြင်းသည် စိတ်ချမ်းသာခြင်းဖြစ် မည်။ ထို့ကြောင့်လည်း ကျနော်တို့ အသိုင်းအ၀ိုင်းက သူတို့သည် လက်ထပ်ကြလေသလား၊ အသက်ထက်ဆုံးပင် သူတို့ ဇနီးများနှင့် ပေါင်းသင်းနေထိုင်ကြသည့် အထောက်အထားရှိကြသည်မှာ ထင်ရှားသည်။ သူတို့လက်ထပ်သွားကြသော် လည်း သူတို့၏ မူလ ယုံကြည်ချက်သည် ပြောင်းလဲမသွား၊ ယင်းသည် ချစ်မေတ္တာစစ် မဟုတ်ပါလား။
ဒဂုန်တာရာ
၂၃-၂-၉၉
(ထုတ်ဝေခြင်း မပြုရသေးသည့် ချစ်ခြင်းမေတ္တာ စာအုပ်အတွက် ရေးသားပေးသည့် စာမူ ဖြစ်ပါသည်)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ …
02/12/2011 20:26
သေရဲတိုင်းသူရဲကောင်းလား...အပိုင်း(၂)
“တပ်တော်ဦးဆီ  မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ  လေကစား........”
                    အထက်ပါ သီချင်းစာသားလေး ကို မြင်လိုက် ၊ တွေ့ လိုက် သည်နှင့် နတ်ရှင်နောင် သီချင်း ဆိုတာအားလုံးသိကြ ပါသည်။နတ်ရှင်နောင်၏ ရတုကဗျာများသည် ကျွန်တော်အပါအ၀င်ကဗျာချစ်သူများ အတွက် အလွန်လေးစား နှစ်သက်ရပါသည်။တောင်ငူခေတ်သည် ရတုခေတ်ဟု မြန်မာစာပေတွင် တင်စားကြပါသည်။ ထိုရတုစာပေရှင် အများအပြားတွင်“နတ်ရှင်နောင်”ကို“ ရတုဘုရင်” ဟုပင်တင်စား ကြပါသည်။
                    ယခုတင်ပြမည့်  ပိုစ့်သည် နတ်ရှင်နောင် ၏ စာပေဘ၀ကို တင်ပြလိုခြင်းမဟုတ်ပါ။ သူ၏နိုင်ငံရေးဘဝ
နှင့် နိုင်ငံရေး ခံယူချက် ကိုသာတင်ပြလိုခြင်း ဖြစ်ပါသည်။“နတ်ရှင်နောင်” သည် တောင်ငူဘုရင်တစ်ဦးဖြစ်သည်။သူ
သည် လက်ရုံးရည် ၊ နှလုံးရည် နှင့်ပြည့် စုံသူစစ်သည် စာဆိုတစ်ဦးပါ။မျိုးရိုးကလည်း စပ်လိုက်လျှင် ဘုရင့်နောင် ၏
မြေး တော်ပါသည်။သို့ သော် “နတ်ရှင်နောင်”တို့ ခေတ်တွင် တောင်ငူထီးနန်းသည် သူများ၏ လက်အောက်ခံသာ
ဖြစ်သည်။သူ၏ဖခင် မင်းရဲသီဟသူ လက်ထက်တွင် ဘုရင့်နောင်၏သား နန္ဒဘုရင် (ဟံသာဝတီ )၏ လက်အောက်ခံပါ။
လာပါသည်။ထိုတိုက်ပွဲတွင် ရှေ့ မှတိုက်သူများတွင် နတ်ရှင်နောင်လည်းပါပါသည်။ နန္ဒဘုရင်တောင်ငူ ပါမှန်း သိလျှင်
ယိုးဒယားဘုရင်ကလည်း စစ်သည်အင်အားအများအပြား နှင့် တောင်ငူကိုဝိုင်းကာ နန္ဒဘုရင်ကို တောင်းဆိုပါသည်။
                    သို့ ရာတွင် နတ်ရှင်နောင် တို့ မှလည်း ဘုရင်ကို ထုတ်မပေးပဲ စစ်ပြင်ကာ အပြင်းအထန်တိုက်ကြ
ပါသည်။ထိုတိုက်ပွဲတွင် နတ်ရှင်နောင် ၏ စစ်ရေးဗြူဟာ နှင့် ရဲစွမ်းသတ္တိကြောင့် ယိုးဒယားတို့ ရှုံးနိမ့်ကြရသည်။
နတ်ရှင်နောင် ၏ ခမည်းတော် ကွယ်လွန်ပြီးနောက် နန်းတတ်လာချိန်တွင်တော့ အင်းဝဘုရင်မဟာဓမ္မရာဇာ ခေါ်
အနောက်ဘက်လွန်မင်း တန်ခိုးသြဇာ ကြီးမားချိန် ဖြစ်ပါသည်။ အင်းဝဘုရင် သည် တောင်ငူကိုဆင်းကာ စစ်တိုက်
သည်။ နတ်ရှင်နောင် ကလည်းအပြင်းအထန် ခုခံသဖြင့်နှစ်ဖက်အကျအဆုံး များကြပါသည်။ထို့ ကြောင့်နတ်ရှင်နောင်
၏ညီတော်များ နှင့် မင်းဆရာတော်၏ မေတ္တာရပ်ခံချက်ကြောင့် အလျော့ပေးအညံ့ ခံလိုက်ရပါသည်။သို့ သော်အင်းဝ
ဘုရင်က နတ်ရှင်နောင်ကို တောင်ငူမှာပင်ပြန်လည် အပိုင်စားစေပါသည်။
                   သို့ ရာတွင်“နတ်ရှင်နောင်”အနေဖြင့် မင်းတစ်ပါးအဖြစ်မဟုတ်ပဲ မြို့ စားအဖြစ်နေရတာကို မကြေနပ်။
တစ်ချိန်တွင် တောင်ငူထီးနန်းကို ပြန်လည်ရယူ ရန်အမြဲကြံစည်နေသည်။သူသည် သံလျင်စား “ငဇင်ကာ”ကိုသတိ
ရလိုက်သည်။ ငဇင်ကာ သည် သံလျင်တွင် ခေတ်မှီလက်နက် တောင့်တင်းစွာနှင့်မင်းမူနေသည်ကို သူအထင်ကြီး၏။
                   ဒီနေရာတွင် ငဇင်ကာ ၏ အကြောင်းကိုအကျယ်မပြောလိုတော့ပါ။ ပေါ်တူဂီလူမျိုး ငဇင်ကာ သည်
ဘာသာ ၊ သာသနာ စော်ကားဖျက်စီးပုံ နှင့် ရိုင်းစိုင်းယုတ်မာပုံကို ယနေ့ လူငယ်များ အားလုံးသိပါသည်။သို့ သော်
ဒီအရာတွေသည် “နတ်ရှင်နောင်”အတွက် ဂရုစိုက်စရာ မဟုတ်ခဲ့ပါ။ သူသိသည်က အင်းဝဘုရင်လက်အောက် မှ
လွတ်မြောက် ဖို့ နှင့် တောင်ငူကို ကိုယ်တိုင်အုပ်ချုပ် နိုင်ဖို့ သာဖြစ်သည်။ထို့ ကြောင့်ကျွန်ယုံ ကြက်ရိုးပင်စားကို
တောင်ငူသို့ လာတိုက်ရန် စာပို့ ကာ ငဇင်ကာ ဆီစေလွှတ်ပါသည်။
                   ငဇင်ကာ ကလည်းမုတ်ဆိတ်ပြားဆွဲ တယ်ဟု မှတ်ကာ တောင်ငူကိုလာတိုက်ပါသည်။ ကြိုတင်ကြံစည်
ထားမှန်းမသိသော နတ်ရှင်နောင် ၏ ညီတော်များက ခုခံသဖြင့် ညီတော်တစ်ယောက် ကျဆုံးခဲ့ ရပါသည်။တောင်ငူ
ညီတော်များနှင့် မူးမတ်များက အင်းဝထံသို့  ခိုဝင်သည်။အင်းဝဘုရင်မှာ ငဇင်ကာ၏ အမျိုး ၊ ဘာသာ ၊သာသနာကို
ဖျက်ဆီးနေပုံ များကိုကြားသိနေရပါသည်။ အခုလည်းမိမိ ပိုင်နက် တောင်ငူကို ၀င်ရောက်ဖျက်ဆီးပြီး အဆွေတော်
နတ်ရှင်နောင် ကိုပါ ခေါ်ယူသွားသဖြင့် မည်သို့ မှ သည်းမခံ နိုင်တော့ပါ။ ထို့ ကြောင့် ဆင် ၊ မြင်း ၊ ဗိုလ်ပါအလုံးအရင်း
ဖြင့် သံလျင်ကို လာရောက်ဝိုင်းပါသည်။
                    သံလျင်တွင် အင်အားတောင့်တင်းသော ငဇင်ကာတပ်နှင့် အပြင်းအထန် တိုက်ခိုက်ကာ အနိုင်ယူနိုင်
စစ်ဆေးသည်။ထိုအခါ ငဇင်ကာ က တောင်ငူဘုရင် နတ်ရှင်နောင် မှလာတိုက်ခိုင်းကြောင်း ပြောလေသည်။
နတ်ရှင်နောင်ကလည်း ၀င်ခံသဖြင့် နှစ်ယောက်လုံးအား ကွပ်မျက်စေပါသည်။
                     ကျွန်တော်တင်ပြချင်တဲ့ အကြောင်းကအခုမှလာတာပါ။အင်းဝဘုရင် မှ နတ်ရှင်နောင်ကို မသတ်ခင်
နောင်တရပြီး တောင်းပန်လျှင် အပြစ်မှ ခွင့်လွှတ်ပေးမည်ဟု အခွင့်အရေးပေးပါသည်။သို့ သော် နတ်ရှင်နောင် သည်
ကျွနုပ်သည် နှစ်လိုဖွယ်ကောင်းသော ပေါ်တူဂီ အမျိုးသားများ နှင့် စိတ်ရောကိုယ်ရော
တစ်သားတည်းဖြစ်ပြီး သဖြင့် သေရမှာကိုမကြောက်တော့
                      ဒီအကြောင်းတွေသည် နတ်ရှင်နောင် အတွက်ပြင်မရသောအမဲစက်အဖြစ် မှတ်တမ်းဝင်ခဲ့ရပါသည်။
တောင်ငူရာဇ၀င် သာမက မြန်မာသမိုင်း တွင်ပါ အမဲစက်စွန်းစေပါသည်။
                      မြန်မာနိုင်ငံကို အင်္ဂလိပ် တို့ သိမ်းပိုက်စဉ်က မင်းညီမင်းသားများရော ၊ မြို့ စားရွာစားများရော ၊
သာမာန်အညတရ ပြည်သူများကရော အားလုံးတော်လှန်ခဲ့ကြပါသည်။ သမိုင်းမှတ်တမ်းဝင်သူရော ၊ လူမသိသူမသိ
သမိုင်းဝင်ခဲ့ရသောသူများပါ အများအပြားပါ။ ထိုတော်လှန်သမားများသည် ဖမ်းဆီးခံရလျှင် သေဒဏ် အပေးခံရပါ
ကျဆုံးစေကြောင်း ဟစ်ကြွေး ရင်း အသေခံခဲ့ ကြပါသည်။ထိုသို့ သော သေရဲသော သူရဲကောင်းမျိုးသာ ကျွန်တော်
တို့ သတိရတမ်းတနေရပါသည်။အမှတ်ရနေကြပါသည်။ ကျေးဇူးတင်ကြရပါသည်။သည်ပိုစ့်ကိုလည်း ညီငယ်များ
အပေါင်းအသင်းမမှား ကြပဲ အသိတိုးပွားစေရန် ရည်ရွယ်ပါသည်။
.......................writting by naylinsoe..................................................
     ကိုးကားစာရင်း
  • ရာဇ၀င်လာသင်ခန်းစာများ....(ရေနံသာမောင်ကျော်ညွန့် )
  • သန်လျင်ကပေါ်တူဂီမျိုးဆက်များနှင့်စကားပြောခြင်း....မောင်နွယ်အောင်(ဒဂုံဆောင်)
ကြီးပွားရေးမဂ္ဂဇင်း  အတွဲ(၅)အမှတ်(၇) မှ
  • ထိုမဂ္ဂဇင်းမှအခြားဆောင်းပါးများ
  • မြန်မာ့ ရာဇ၀င်  ..............ဦးဘသန်း ၊ဘီ-အေ
http://sarpaychittu.webnode.com/  လည်းဖတ်နိုင်ပါသည်။
   သူငယ်ချင်းများအားလေးစားစွာပန်ကြားခြင်း
     သည်ပိုစ့်ကို တင်ဖို့ စဉ်းစားပါသည်။အကြောင်းမှာ ကိုယ်နှစ်သက်သော ကဗျာများ ရေးသော နတ်ရှင်နောင် မို့ ပါ။
ဆန္ဒဂတိလိုက်ပြီး လျော့ပြီးလည်းမရေးသင့်။ သမိုင်းကိုအမှန်အတိုင်းသာ တင်ပြသင့် သည်ဟုထင်ပါသည်။
ကိုယ့်လိုနှစ်သက်သော အခြား စာချစ်သူများ တစ်မျိုးမြင်မှာလည်း စိုးရိမ်ပါသည်။ စာချစ်သူအားလုံး သိပြီးသား
ဖြစ်ပေမယ့် မသိသေးသောညီငယ်များ အတွက် ရည်ရွယ်ကာ အစွန်းလွတ်အောင် ကိုးကားစာရင်းပါ တင်ပြထား
ပါသည်။  သို့ သော်အမှားအယွင်း နှင့်ချွတ်ယွင်းချက်များရှိလျှင် ကျွန်တော် ၏ အရေးအသားမကျွမ်းကျင်မှုကြောင့်
ပါဟု ပန်ကြားရင်း......
 အားလုံးပျော်ရွှင်ချမ်းမြေ့ ပါစေ...
ကိုနေ(ခရမ်း)
23/11/2011 17:52
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ.ဆိုင်ရာသိမှတ်ဖွယ်ရာများ
သည်ပိုစ့်အား ဧဒင်ဥယျာဉ်မှ မဇာဇာ မှတစ်ဆင့် ပြန်လည်မျှဝေပါသည်...
                            အိုဇုန်းလွှာပေါက်ခြင်း
.
ကမ္ဘာမြေမှအထက် ၁၀ မိုင်မှ
မိုင်၃၀ အတွင်းတွင် အိုဇုန်းလွှာကို တွေ.နိုင်ပါတယ်။
အိုဇုန်းလွှာဟာ နေရောင်ခြည်တွင် ပါဝင်သော
ခရမ်းလွန်ရောင်ခြည်များကို
ကမ္ဘာမြေပြင်ပေါ်မကျရောက်စေရန်ကာကွယ်ပေးပါတယ်။
လူတို.ကြောင့်ဖြစ်ပေါ်လာသော
CFCs ဓါတ်ငွေ.၊ ဟေလွန်ဓါတ်ငွေ.၊မီသိုင်းကလိုမိုက်ဓါတ်ငွေ.များဟာ
ဓါတ်ပြုခြင်းအမျိုးမျိုးဖြစ်ကာအိုဇုန်းလွှာကိုပျက်စီးစေသောကြောင့်
 အိုဇုန်းလွှာပါးလာပြီး ပေါက်သွားနိုင်ပါတယ်။
ဒါကြောင့်ခရမ်းလွန်ရောင်ခြည်များရဲ. ဒဏ်ကို
တိုက်ရိုက်ကျရောက်လာပြီး  လူသားတွေကို
အရေပြားကင်ဆာနဲ. မျက်စိရောဂါများ ဖြစ်ပွားစေနိုင်တဲ.အပြင်
 အချို.သော အပင်များ တိရစ္ဆာန်များ သာမက
ရေသတ္တဝါတွေကိုလဲ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ဖန်လုံအိမ်ဓါတ်ငွေ.များ ဘယ်ကရောက်လာတာပါလဲ
.
စက်ရုံ၊အလုပ်ရုံများ၊
ဘွိုင်လာအိုးများမော်တော်ယာဉ်များမှ
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ.၊
ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ.များထုတ်လွှတ်တယ်။
နှစ်စဉ်လူတို.ကြောင့်လေထုအတွင်းသို.
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ.တန်ချိန် ၆ ဘီလီယံထုတ်လွှတ်လျက်ရှိတယ်။
လျှပ်စစ်ဓါတ်အားထုတ်လွှတ်တဲ. စက်ရုံများ၊
ရေနံချက်စက်ရုံများ၊သံရည်ကျိုလုပ်ငန်းများ၊
ကျောက်မီးသွေးနှင့် လောင်စာဆီများ လောင်ကျွမ်းသည်.အခါ
ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထွက်လာပါသည်။
အမှိုက်ပုံကြီးများမှ မီသိန်းဓါတ်ငွေ.များ ထုတ်လွှတ်တယ်။
လေအေးပေးစက်ရေခဲသေတ္တာတို.မှ CFCsဓါတ်ငွေ.ထုတ်လွှတ်တယ်။
ထိုဓါတ်ငွေ.များကြောင့် ဖန်လုံအိမ်အာနိသင် ဖြစ်ပေါ်စေနိုင်တယ်။
သစ်တောများ မီးလောင်သော်ကြောင့်လည်းကောင်း
ခုတ်လှဲသောကြောင့်သော်လည်းကောင်
သစ်တောများပြုန်းတီးလာလျှင်
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ.နှင့် အခြားဓါတ်ငွေ.များကို
သစ်ပင်များက စုပ်ယူမပေးတော.တဲ.အတွက်
လေထုထဲမှာ ကာဗွန်များ ပိုပြီး စုဝေးလာနိုင်ပါတယ်။
ဘယ်လိုလျှော.ချကြမလဲ
၁။စိုက်ပျိုးရေးလုပ်ငန်းများတွင် 
အသီးအရွတ်စိမ်းများစားသုံးခြင်းဖြင့်
ချက်ပြုတ်ရာမှ ထွက်ရှိလာသော
ကာဗွန်ဒိုင်အောက်ဆိုဒ် သုံးစွဲမှူကို လျှော.ချနိုင်ပါတယ်။
၂။ မွေးမြူရေးကဏ္ဍတွင်
မွေးမြူရေးတိရစ္ဆာန်များအတွက် အစာကျွေးရာတွင်
အစားအစာထုတ်လုပ်ခြင်းနဲ. သယ်ယူပို.ဆောင်ရေးလုပ်ငန်းများအတွက်
စွမ်းအင်သုံးရသောကြောင့် ကျွေးမွေးမည်.
စားကျက်သီးနှံများကို စိုက်ပျိုးပြီး
လွှတ်ကျောင်းစနစ်အသုံးပြုသင့်ပါတယ်။
၃။ရေရှိရေးအတွက်
စွမ်းအင်သုံးပြီး ရေကို စုဆောင်းခြင်းထက်
မိုးရေကိုစနစ်တကျသိုလှောင်ခြင်း
သဘာဝရေအရင်းအမြစ်များကို ရှာဖွေခြင်း
လေရဟတ်ဖြင့် ရေတင်ခြင်းများ ပြုလုပ်သင့်ပါတယ်။
၎။သစ်တောပြုန်းတီးမှူကာကွယ်ရေး
သစ်ပင်များသစ်တောများသည်
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
စုပ်ယူထိန်းသိမ်းပေးနိုင်သဖြင့်
သဘာဝသစ်ပင်သစ်တောများကို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရပါမယ်။
ရွှေ.ပြောင်းတောင်ယာစနစ်ပြုလုပ်ခြင်းသည်
သစ်ပင်များကို ခုတ်လှဲရပြီး
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းမှူထိခိုက်စေနိုင်သောကြောင့်
ထိုစနစ်ကို အသုံးမပြုသင့်ပါ။
သဘာဝဘေးမဲ.တောများ ကို
ထိန်းသိမ်းစောင့်ရှောက်ရမည်. အပြင်
သစ်တောစိုက်ခင်းများကိုလည်း လိုအပ်သလို စိုက်ပျိုးရပါမယ်
ဒီရေတောများထိန်းသိမ်းရေးသည်လည်
အရေးကြီးပါတယ်။
၅။မြေဆီလွှာပြုန်းတီးမှူ
ကြွပ်ကြွပ်အိတ်၊ပလပ်စတစ်စတဲ.
စွန်.ပစ်ပစ္စည်းများဟာ
အမှိုက်များအဖြစ်
သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်စေပြီး
မြေကြီးထဲတွင်ဆွေးမြည်.ပျက်စီးရန်
အချိန်ကြာမြင့်သောကြောင့်
မြေဆီမြေလွှာကို ပျက်စီးစေကာ
စိုက်ပျိုးရေးကိုထိခိုက်စေနိုင်ပါတယ်။
ထို.ပစ္စည်းများကို စည်းကမ်းမဲ.
စွန်.ပစ်ခြင်းကြောင့်
ရေမြောင်းများအတွင်းသို.ကျပါကလည်း
ရေမြောင်းတိမ်ကောခြင်း၊ပိတ်ဆို.ခြင်း၊
ရေလျှံခြင်းများကိုဖြစ်စေနိုင်ပါသေးတယ်။
ထို.ကြောင့် အဆိုပါ ပလပ်စတစ်ပစ္စည်းများကို
သုံးစွဲခြင်းကိုလည်း လျှော.ချသင့်ပါတယ်။
၆။ဇီဝမျိုးစုံမျိုးကွဲများ မျိုးတုံးပျောက်ကွယ်ခြင်း
အမျိုးမျိုးသော သစ်ပင်၊ပိုးမွှား၊
သားငှက်တိရစ္ဆာန်များ သည်
ရေမြေတောတောင် ၊မြစ်ချောင်းအင်းအိုင်
ပင်လယ်သမုဒ္ဒရာများထဲတွင်
ဂေဟစနစ်အမျိုးမျိုးဖြင့် တည်ရှိနေကြပါတယ်။
ထိုဂေဟစနစ်များထိခိုက်ပျက်စီးယိုယွင်းလာပါက
ဇီဝမျိုးစုံမျိုးကွဲများသည်
မျိုးတုန်းပျောက်ကွယ်သွားနိုင်ပြီး
သဘာဝပါတ်ဝန်းကျင်လည်း
ပျက်စီးသွားစေမှာပဲဖြစ်ပါတယ်။
ဒေသခံပြည်သူများအနေဖြင့်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး
အသိနဲ. ဗဟုသုတနဲပါးပါက
ဂေဟစနစ်များ ပျက်စီးသွားနိုင်ပါတယ်။
သူငယ်ချင်းများ ကျန်းမာပျော်ရွှင်ကြလို.
အေးမြငြိမ်းချမ်းကြပါစေ
19/11/2011 22:35
သေရဲတိုင်း သူရဲကောင်းလား...
ဒီခေါင်းစဉ်နဲ့ စာရေးဖို့  ကြိုးစားနေတာကြာပါပြီ။ တကယ်ဆိုရင်အားလုံး သိပြီးသားပေမယ့် ကျွန်တော့်
စိတ်မှာ တွေးစရာလေးတွေ ဖြစ်စေလို့  ရေးမိတာပါ။သူငယ်ချင်းများနှင့်  စကားပြောကြရင်းသူရဲကောင်း နှင့် သတ္တိ ဟူသောအကြောင်း အရာအရောက်မှာ အငြင်းပွားခဲ့ ရပါတယ်။
              သူရဲကောင်းဟူသည်သတ္တိရှိခြင်း၊အသေခံရဲခြင်းတို့ လောက်နှင့် မပြည့် စုံတာယနေ့ လူငယ်များ တော်တော်
များများ သိကြပါသည်။ တစ်ချို့ ညီငယ်များကတော့  သတ္တိရဲ့ ဆိုလိုရင်းကို သိပ်နားမလည် ကြပါ။ သေရဲရင် သတ္တိ ၊
ရိုက်ရဲရင် သတ္တိ ၊ မိုက်ရဲရင် သတ္တိဟုသာ သဘောပေါက်ကာ တလွဲဆံပင်ကောင်းနေကြပါသည်။
                   မြန်မာ့ သမိုင်းမှာ တောင်ငူဘုရင် တပင်ရွှေထီး ကို သိကြပါသည်။ ထိုမင်းသည် တိုက်ရဲ ၊ ခိုက်ရဲ နှင့် 
တကယ်ကို ရဲစွမ်းသတ္တိ နှင့် ပြည့် စုံပါသည်။ နောက်ပိုင်း သေရည် သေရက် ကြောင့် ပျက်ဆီး ရတာတော့ရင်နာ စရာပေါ့။တပင်ရွှေထီး မင်းအဖြစ် ရောက်စ တွင် ဘိသိတ်ပွဲ ၊ နားထွင်းပွဲ ကျင်းပရန် စီစဉ်ပါသည်။ ထိုသို့ စီစဉ် ရာတွင် ငယ်ရွယ်ပြီး ရဲစိတ်ရဲမာန် ထနေချိန် ဆိုတော့ ထူးထူးခြားခြား လေးစီစဉ်ပါသည်။ ဒါကတော့ ရန်သူနယ်မြေ ဖြစ်သော မွန်တို့ ၏နယ် ဟံသာဝတီ တွင် ကျင်းပရန်စီစဉ်ပါသည်။ ရန်သူနယ်မြေ ဖြစ်သဖြင့်  မိမိဘက်မှ တကယ် အစွမ်းရှိသော သူရဲကောင်း များကို ခေါ်ယူသွားရန်စီစဉ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲ ကိုတော့ ယောက်ဖတော်သူ ညီအကိုရင်းသမျှ ချစ်ရသူကျော်ထင်နော်ရထာ(ဘုရင့်နောင်) ကိုတာဝန်ပေးပါသည်။ ကျော်ထင်နော်ရထာကလည်း တကယ်နောက်မတွန့် သောသူရဲကောင်းများရရန်လက်မထိပ်ကိုအပ်စိုက်ကာတူနှင့်ထုပြီး ရွေးပါသည်။ ရွေးရာတွင်
လည်း ကိုယ်တိုင် ရှေ့ မှစမ်းသပ်ခံပါသည်။ လုံးဝနောက်မတွန့်  လက်မရွံ့ သွားသူကိုသာ ရွေးချယ်ပါသည်။
                  ထိုအချိန်တွင် သူရဲကောင်းတစ်ဦး ဖြစ်သော ဗလရဲထင် သည်လည်း ၀င်ရောက်အရွေးခံပါသည်။
တိုက်ရဲခိုက်ရဲ သတ္တိ  နှင့်ပြည်စုံသူပါ။ သူ့ ကိုယ်သူလည်း ယုံကြည်မှု ရှိသည်။သို့ သော် ဗလရဲထင် စမ်းသပ်ခံရာ
တွင် လက်မထိပ် အပ်စိုက်ကာ တူနှင့် အရိုက်ခံနိုင်ခဲ့ သော်လည်း ရိုက်သည့် အချိန်တွင် လက်အနည်းငယ် တွန့် 
သွားမိသည်။ ဒါကို ဂရုစိုက်ကြည့် နေသော ကျော်ထင်နော်ရထာ နှင့် သူရဲကောင်းအများကမြင်သည်။ဘုရင်ဖြစ်
သောတပင်ရွှေထီး ကလည်းမြင်သည်။ ထိုအခါတပင်ရွှေထီး က   ဟယ်...ဗလရဲထင် ၊ မည်သို့ ဖြစ်သနည်း ။
သတ္တိ နည်းလှသလော  ဟု ဒေါသ ဖြစ်ကာ မေးမြန်း ပါသည်။
                   ထိုအခါတွင် ဗလရဲထင် မှာ လူပုံအလယ် ၊ အထူးသဖြင့်  ဘုရင့်ရှေ့ တွင် သူရဲကောင်းအဖြစ်
အရွေးမခံရ ယုံ မက အရှက်တကွဲ အကျိုးနည်း ဖြစ်ရသဖြင့် ကြီးစွာရှက်ရွံ့  မှုကို ခံစားလိုက်ရပါသည်။ထို့ ကြောင့်
ထိုးခွဲကာ ဗိုက်ထဲမှ အူစကို ထုတ်ပြီး  အရှင် မင်းမြတ် ကိုင်ထားသော်မူပါ ဘုရား   ဟုဆိုကာ ကိုင်စေပါသည်။
ထို့ နောက်တွင် ၀မ်းဗိုက် မှ အူများ အဆုံးအထိ ပြေးထွက်ကာ အရှင်မင်းမြတ် ကျွန်တော်မျိုးမှာ သတ္တိ မနည်းပါ
ပြောကာ သေဆုံးသွားလေသည်။ ဗလရဲထင် လူပုံအလယ်တွင် သူရဲကောင်း မဖြစ်ရသဖြင့် အရှက်ကြီးကာ သေ
ရတာက မြတ်သည် ဟုစိတ်ဝယ်မှတ်ကာ မိမိ မှာ အမှန်တကယ် သူရဲကောင်း ဖြစ်ကြောင်း သက်သေပြ သေပွဲဝင်
သွားခြင်းဖြစ်ပါသည်။
                    သို့ သော် ဗလရဲထင် တစ်ယောက် သူသက်သေပြခဲ့သော ဘုရင် တပင်ရွှေထီး ၏နှုတ်ထွက်စကား
ကိုကြားနိုင်ပါလျှင် ကြီးစွာနောင်တ ရလေမည် ။ တပင်ရွှေထီး က ငါ၏ သူရဲကောင်း ဗလရဲထင် သည် သေရဲသည်။
မိုက်ရူးရဲဆန်ပေသည်။ သို့ သော် သတ္တိ ကားမရှိ ဟုမှတ်ချက်ပြုလေသည်။
                      တပင်ရွှေထီး ၏ ထိုစကားသည် သမိုင်းဝင် အသိတရားပေးသော စကားတစ်ခွန်း ဖြစ်ပါသည်။
ထိုဆိုစကားကြောင့် ဗလရဲထင် ၏ သေရခြင်းသည် အချီးနှီး ဖြစ်သွားပါသည်။ တပင်ရွှေထီး ၏ စကားမှာ တွေး
ကြည့် လျှင် မှန်ပါသည်။ သူရဲကောင်း ဟူသည် အောင်မြင်ချိန်တွင် ချီးမြောက်မှုကို ခံယူနိုင် ပါသည်။ သို့ သော်
ကျရှုံးချိန်တွင် လည်း အရှုံးကို ခံယူနိုင်ရပါမည်။ ထိုသို့ မဟုတ်ပါက သူရဲကောင်း မဖြစ်ထိုက်ပါ။ဗလရဲထင် သာ
မိမိ ကိုယ် မိမိ မသက်သေပါက သူရဲကောင်းအဖြစ် နောင်တစ်ချိန်ချိန် တွင် ပြန်လည်ပြီး မှတ်ကြောက်တင်နိုင်
ပါလိမ့်မည်။သူ၏ သေဆုံးခြင်းမှာ အချီးနှီးသေခြင်း သာဖြစ်ပြီး သူရဲကောင်းအဖြစ် မြန်မာ့သမိုင်းမှာ စာမတင်နိုင်
ခဲ့ပါ။
                      မြန်မာ့သမိုင်းတွင် သူရဲကောင်းအဖြစ် သေရသော အဖြစ်များစွာရှိပါသည်။ (၁၃)နှစ်နှင့် စစ်ထွက်
တိုက်ကာသူရဲကောင်းဖြစ်ရသော မင်းရဲကျော်စွာ ၏အကြောင်းကိုတင်ပြ လိုပါသည်။ မင်းရဲကျော်စွာ သည် အင်းဝ
အရှင် ၏ သားတော် ၊ (၁၃) နှစ်နှင့် စစ်တပ်ကို ဦးစီးကာ စစ်တိုက် ခဲ့သော သူရဲကောင်း ဖြစ်ပါသည်။ သူသည်လည်း
တစ်ခါတွင် ဟံသာဝတီ ဘုရင်၏ ဖမ်းဆီးခြင်းကို ခံရပါသည်။ မွန်ဘုရင် သည် သူရဲကောင်းကို မြတ်နှိုးသူဖြစ်ပါသည်။
အသက်ငယ်ငယ် နှင့် ဘုရင့်သားတော် သူရဲကောင်းတစ်ယောက် ကို မသေစေလိုပါ။ ထို့ ကြောင့် သမီးတော် နှင့်
လက်ထပ်ပေးကာ သူကောင်းပြု ပေးဖို့  ကမ်းလှမ်းပါသည်။
                        သို့ ရာတွင် မင်းရဲကျော်စွာ အနေဖြင့်မူ ရန်သူ ၏ အရိပ်အောက်တွင် နေပြီး အသက်ရှင်ရမည်
ကိုမလိုလားပါ။ ထို့ ကြောင့် ငြင်းပယ်ကာ သက်ရန်ကာပြောပါသည်။ အကြိမ်ကြိမ် ပြောရာ တွင်လည်း ငြင်းပယ်မြဲ
ကာ ။ သူရဲကောင်းတစ်ဦး အဖြစ်သေလိုပါ သဖြင့် အမြန်သက်ရန်သာ ပြောပါသည်။ ထို့ ကြောင့်နောက်ဆုံးတွင်
ဟံသာဝတီ ဘုရင် က သူရဲကောင်း တစ်ယောက် မှာသာမာန် သူတို့ လက်ချက် ဖြင့် မသေသင့် ငါကိုယ်တိုင် စီရင်
ကာချီးမြှောက်အံ့ ဟုဆိုကာ အဆုံး စီရင် လိုက်ရ ပါသည်။
                         ထို့ ကြောင့် အသက်ရှင်ပြီး ကောင်းမွန်စွာ နေနိုင်ပါ လျက် တိုင်းပြည်အတွက်အသက် အသေခံ
သွားသော မင်းရဲကျော်စွာ သည် ရှေးကမည်သည့်  အမှားများရှိရှိ ၊  သူ၏သေဆုံးခြင်းက  သူရဲကောင်း  အဖြစ်
သေခြင်းဟု သမိုင်းတွင် မှတ်တမ်း ၀င်သွားပါသည်။ထိုသို့ သော အတုယူဖွယ် သမိုင်း မှတ်တိုင်များ များစွာရှိပါသည်။
                          ကျွန်တော် ကိုနေ သည် သည်ပိုစ့်ကို ညီငယ်များအတွက် ရည်ရွယ်ပါသည်။အမှားအယွင်းများ
ပါပါလျှင် ခွင့်လွှတ်ပါ ဟု တောင်းဆိုရင်း.....
15/11/2011 17:14
ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့ ( မင်းယုဝေ )…
…ရန်ကုန်မြို့၊ တာဝါလိန်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သောအိမ်ကို ယဉ်ကျေးမှုဌာနက “ဗိုလ်ချုပ်အောင်ဆန်း” ပြတိုက် အဖြစ် ဖွင့်လှစ်ထားသည်။
…ထို့ကြောင့် ရုံးအားရက် တစ်ရက်တွင် ကျွန်တော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက်ကြည့်ရှုမိသည်။
…ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း ခန့်ညားလှပပေသည်။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံ၊ သည်အိမ်ကို ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဖွယ်ကောင်းနေပေ တော့သည်။
…သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး၊ သားသမီးများနှင့်အတူ ၂ နှစ်ကျော် နေထိုင်ခဲ့သည်။ ၁၉၄၅ ခု မေလမှ ၁၉၄၇ ဇူလိုင်လ ကွယ်လွန်ချိန်အထိ နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့် ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊ စာဖတ်ခန်း၊ အိပ်ခန်း၊ ဘုရားရှစ်ခိုးခန်းတို့ရှိသည်။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်ကအတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယ အစုံအလင်ဖြင့် လက်ရာခြေရာ မပျက်ထားရှိပေသည်။
…ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျွန်တော်ဝင်ကြည့်သည်။ အခန်းအလည်တွင် အရှင်ကင်းမဲ့နေသော စားပွဲရှည်တစ်လုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။ သည်စားပွဲတွင် တစ်ခါက ဗိုလ်ချုပ်သည် ဇနီး သားသမီး စုံစုံလင်လင်ဖြင့် စားသောက်ခဲ့ပေသည်တကား။
…သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောသောစကားကို ကြားယောင်မိသည်။ ဂျပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့ သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန် ၀ါသနာမပါခဲ့ပါဘူး၊ အခုမနေသာလို့ တက်ရောက်ခဲ့ပါတယ်၊ ကျွန်တော် ဒီထမင်းကို မစားသင့်ဘူး၊ ဒီထမင်းကို စားလောက်အောင် မြန်မာပြည်အတွက်ရော၊ မြန်မာလူမျိုးအတွက်ရော ကျွန်တော် ဘာမှမလုပ်နိုင်ခဲ့သေးဘူး” ဟု ပြောခဲ့သည်။
…ထို့ပြင် ကျွန်တော်သည် အစားအသောက်နှင့် ပတ်သက်၍ ရိုးသားလှသော သူ့စိတ်ဓါတ်ကို ဖော်ပြသည့် စာကလေး တစ်စောင်ကိုလည်း အမှတ်ရမိသည်။ ထိုစာမှာ ဗိုလ်ချုပ်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံ ပေးသောစာ ဖြစ်သည်။ စာထဲတွင် “ကြည်၊ပဲပြုတ်နှင့် နံပြားရရင် စားချင်တယ်” ဟု ရေးထားလေသည်။
…ထို့နောက် ဧည့်ခန်းကို ကျွန်တော်ဝင်ကြည့်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၏ ခေါင်းဆောင်ကြီးဖြစ်သည့်အပြင် ကမ္ဘာသိ ခေါင်းဆောင်လည်းဖြစ်သည်။ သို့ရာတွင် သူ့အိမ်ဧည့်ခန်းကား ၀င့်ကြွား ထည်ဝါခြင်းမရှိ။ သူလိုငါလို လူတန်းစားတစ်ဦး၏ ဧည့်ခန်းမျိုးပင်ဖြစ်သည်။
…ဧည့်ခန်းတွင် ဗိုလ်ချုပ်၏ ဓါတ်ပုံကြီးများကို ချိတ်ဆွဲထား၏။ ယင်းတို့ အထဲတွင် ဂျင်းဖောအ၀တ်အစားဖြင့် ဗိုလ်ချုပ်ပုံ သည်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများဖြင့် တွဲရိုက်ထားသော ဗိုလ်ချုပ်ပုံသည်လည်းကောင်း အပေါ်လွင်ဆုံးဖြစ်၏။ သည်ပုံများကို မြင်ရသောအခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေး၍ ကြိုးပမ်း ဆောင်ရွက်ခဲ့သော သူ၏ ကြိုးပမ်းမှုတို့ကို ပြန်လည်သတိရမိသည်။ “မြန်မာတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်တို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်းသိနိုင်တယ်”  ဟူ၍ သူပြောခဲ့သည့် စကားတို့ကို ကြားယောင်မိလေသည်။
…အောက်ထပ်ကို ကြည့်ရှုပြီးသောအခါ အထက်ထပ်ကို ကျွန်တော်တက်ကြည့်သည်။ ရှေးဦးစွာ အထူး အစည်းအဝေးခန်းကို ၀င်ကြည့်သည်။ သည်အခန်းကား ရာဇ၀င်တွင်မည့် အခန်းတည်း။ ဗိုလ်ချုပ်သည် လုပ်ဖော်ကိုင်ဖက် များနှင့်အတူ သည်အခန်း အတွင်း၌ ခေါင်းချင်းဆိုင်လျက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန် လျို့ဝှက်သော ကိစ္စများကို တိုင်ပင်ခဲ့သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
…သည်အစည်းအဝေးခန်းနှင့် ကပ်လျက်ရှိသောအခန်းကား ကလေးများ အိပ်ခန်းပင်။ ထိုအခန်းအလယ်တွင် ကလေးကုတင် ၃လုံး စီတန်းထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်၏ သားနှစ်ယောက်နှင့် သမီးငယ်တို့ အိပ်စက်ကြသော ကုတင်များဖြစ်သည်။ သားသမီး သုံးဦးအနက် ယခုအခါ နှစ်ဦးသာ ကျန်တော့သည်။ ဒုတိယသား အောင်ဆန်းလင်းသည် ၁၉၅၃ ခုတွင် အိမ်ရှေ့ရှိ ရေကန်ငယ်တွင် ရေနစ်ကွယ်လွန်ခဲ့ရှာလေပြီ။
…ကလေးငယ်ကလေးများ၏ ကုတင်ကလေးများကိုကြည့်ကာ ကျွန်တော်သည် ဗိုလ်ချုပ်၏ ဘ၀ကို တွေးတောမိသည်။ သူသည် နိုင်ငံလွတ်လပ်ရေးအတွက်သာ လုံးပန်းနေရသဖြင့် မိသားစုအရေးကို မကြည့်နိုင်ရှာခဲ့ပေ။ မကွယ်လွန်မီ သုံးလခန့်က အပါးတော်မြဲ ဗိုလ်ထွန်းလှအား ဗိုလ်ချုပ်က “လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မယ်၊ ခပ်အေးအေး စာကလေးရေးစားရင်း ငါ့အိမ်ထောင် နောင်ရေးအတွက် ဂရုစိုက်ဖို့ စီစဉ်ရအုံးမယ်” ဟု ပြောပြခဲ့လေသည်။ သို့သော် သူကား သူ့အိမ်ထောင်နောင်ရေးအတွက် မဆောင်ရွက်နိုင်မီ ကွယ်လွန်ခဲ့ရှာသည်တကား။
…ထို့နောက် ကျွန်တော်သည် ကလေးအိပ်ခန်းမှ ထွက်ခွာလျက် ဗိုလ်ချုပ်နှင့် ဇနီးဒေါ်ခင်ကြည်တို့၏ အိပ်ခန်းသို့ ၀င်ကြည့် ခဲ့သည်။
…နိုင်ငံအထွတ်အထိပ်ခေါင်းဆောင်ကြီး၏ အိပ်ခန်းဆိုသော်လည်း ပိုးဖဲ၊ ကတ္တီပါ အဖိုးတန်များဖြင့် တခမ်းတနား ခင်းကျင်းထားသည်မဟုတ်။ ရိုးရိုးနေ၊ ရိုးရိုးထိုင်၊ ရိုးရိုးစားသော သာမန်ဇနီးမောင်နှံနှစ်ဦး၏ အခန်းမျိုးသာဖြစ်သည်။ အရှင်မဲ့နေသော နှစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် အ၀တ်ဗီရိုနှစ်လုံးသည် ငြိမ်ဆိတ်လျက်ရှိသည်။ ဗီရိုနှစ်လုံးထဲ၌ ဗိုလ်ချုပ်၏ အ၀တ်အစားအနည်းငယ်ကိုသာ တွေ့ရသည်။ စင်စစ် ထိုထက်ပို၍လည်း အ၀တ်အစား မရှိရှာပေ။ ထိုအိပ်ခန်း အထက်ထပ် အထပ်ခိုးတွင် ဘုရားစင်ထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်သည် ဘာသာရေးကို ပစ်ပယ်သူမဟုတ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း ဖော်ပြသကဲ့သို့ ရှိနေသည်။
…အိပ်ခန်းနှင့် ကပ်လျက်ရှိသောအခန်းကား ဗိုလ်ချုပ်၏ စာကြည့်ခန်းတည်း။ စာအုပ်ဗီရိုများထဲတွင် စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ စသည်ဖြင့် စာအုပ်မျိုးစုံကို တွေ့ရသည်။ ဗိုလ်ချုပ်ကား စာအလွန်ဖတ်သူဖြစ်သည်။ ဆောင်းပါး၊ ၀တ္ထု၊ ကျမ်းအမျိုးမျိုးအပြင် ကဗျာများကိုပါ အထူးလေ့လာ ဖတ်ရှုသူဖြစ်သည်။ ဖတ်ရှုသောကဗျာများအနက် အင်္ဂလိပ်ကဗျာဆရာ ဟင်နလေ၏ ကဗျာတစ်ပုဒ်ကို သူအလွန်စွဲမက်သည်။ ထိုကဗျာကို မကြာခဏ ရွတ်ဖတ်သည်။ ကျွန်တော်သည် သူ့စာအုပ်များကို ကြည့်ရာမှ နှစ်သက်သည့် ထိုကဗျာပါ အောက်ပါစာပိုဒ်ကလေးကို အထူးသတိရနေမိသည်။
“ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ သို့သော် ညွှတ်ကား မညွှတ်”
…ထို့အပြင် ကျွန်တော်သည် စာဖတ်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ အမြင်ကို ဆင်ခြင်မိပြန်သည်။ ဗိုလ်ချုပ်က သူ့ဆောင်းပါးတစ်စောင်တွင် “ယခု ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏အကြောင်းကို အမျိုးမျိုး မှတ်သားချက်များသာ ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၄င်းတို့ရေးရာ ဒေသ၊ ရေးသည့်အချိန်ကာလ စသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောက အလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန် ဖြစ်ပေသည်” ဟူ၍ ရေးသားခဲ့ဖူး လေသည်။ စာအုပ်ဗီရိုများအနီးတွင် ဗိုလ်ချုပ်၏ စာရေးစားပွဲလည်းရှိသည်။ ဗိုလ်ချုပ်သည် စာဖတ်ဝါသနာပါသည့်နည်းတူ စာရေးလည်း အလွန်ဝါသနာပါသည်။ စာရေးရာ၌ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ ထိမိပိုင်နိုင်စွာ ရေးသားနိုင်သည်။ မြန်မာပိုင် အင်္ဂလိပ်သတင်းစာ “နယူးဘားမား” တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်စဉ်က ရေးခဲ့သော ခေါင်းကြီးများမှာ ထင်ရှားသည်။ ဒဂုန်မဂ္ဂဇင်း၌ ရေးခဲ့သော ဆောင်းပါးများမှာလည်း အထူးတင်ရှားလှသည်။
…ဤသို့လျှင် ကျွန်တော်သည် ဗိုလ်ချုပ်အိမ်ရှိ အခန်းစုံကို တစ်ခန်းဝင် တစ်ခန်းထွက်ကြည့်ရင်း ဗိုလ်ချုပ်အကြောင်းကို အမျိုးမျိုး တွေးတောအောက်မေ့မိသည်။ နေစောင်းလာသောအခါ ကျွန်တော်သည် ဗိုလ်ချုပ်အိမ်မှ ဆင်းသက်ထွက်ခွာ လာခဲ့သည်။ သို့ထွက်ခွာလာစဉ်.........
ဗိုလ်ချုပ်၏ စေတနာကို မြတ်နိုးမိသည်။ ဗိုလ်ချုပ်၏ ကြိုးပမ်းမှုကို ချီးကျူးမိသည်။ ရိုးသားလှသော ဗိုလ်ချုပ်၏ အနေအထိုင် အမူအရာကို လေးစားမိသည်။ ဗိုလ်ချုပ်၏ စိတ်ဓါတ်ကို အားကျမိသည်။   ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ မိသည်။ ကောင်းလေစွ.....။
(အလယ်တန်းပင်ရင်း စကားပြေလက်ရွေးစင်)
၁၉၆၇ ခုနှစ်
15/11/2011 00:00
ဗိုလ်ချုပ်၏ လူသိနည်းသော အဖြစ်အပျက် တစ်ခု
ရေးသူ- သခင်တင်မြ
ပြန်လည် တင်ပြသူ- အောင်ခင်မြင့်
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅- ၁၉၄၇)
-၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည (ရန်ကုန်၊ ကြည်မြင်တိုင်၊ ဟုမ်းလမ်း
မီးရထားဂုံးထိပ်ရှိ ဂျပန်ပြန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးမြင့်အောင် နေအိမ်)
ဖယောင်းတိုင်မှ ထွက်လာသည့် အလင်းရောင် မှိန်မှိန်တွင်ဖြစ်သဖြင့် ခေါင်းဆောင်
များ၏ မျက်နှာ အမူအရာများ မည်သို့ရှိနေသည် ကို အထင်အရှား မမြင်ရစေကာမူ
ကိုယ်ဟန်လှုပ်ရှားမူများကို ကြည့်ရခြင်းဖြင့်ပင် တက်ကြွဖျတ်လတ်နေကြောင်း၊
ဖက်ဆစ် တော်လှန်ရေးအတွက်အရေးကြီးသည့် သဘောထားများကို ဆွေးနွေး
ဆုံးဖြတ်ကြရန် စိတ်အာရုံစောလျက်ရှိကြ ကြောင်းကို အထင်အရှား တွေ့နေရပါ
သည်။ ကျွန်တော် (သခင်တင်မြ) ၏ အတွင်းစိတ်များလည်း တက်ကြွ လှုပ်ရှားလျက်
ရှိနေပါသည်။
ဗိုလ်ချုပ်အောင်ဆန်း နှင့် သခင်စိုးတို့က စာပွဲဝိုင်းကလေး ပတ်လည်မှာရှိသော ကုလား
ထိုင်များတွင် အရင် ထိုင်လိုက်ကြသည်။ သခင်သန်းထွန်း က ကုလားထိုင်တစ်လုံးတွင်
နောက်မှ ၀င်ထိုက်လိုက်လေသည်။ ဗိုလ်မှူးရဲထွဋ် နှင့် ကျွန်တော်သည် ကိစ္စတစ်ခုကို
အခန်းထောင့်တွင် ဆွေးနွေးနေကြစဉ် သခင်စိုးက လှမ်းခေါ်သဖြင့် ကျွန်တော်တို့ နှစ်
ယောက် စကားစကို ဖြတ်ပြီးလူကြီးများ ၀ိုင်းထိုင်နေသော စားပွဲဆီသို့လာခဲ့သည်။
ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း ရှေ့ရှိ ကုလားထိုင်ပု ကလေးတွင် ထိုင်ရန် ခါးကို
ကိုင်းလိုက်မိပါသည်။ ထိုအခိုက် ကျွန်တော်စစ် အင်္ကျီဘယ်ဘက်အိတ် အတွင်းမှ
မော်ဇာ ပစ္စတိုကလေးမှာ လျှောခနဲထွက်သွားပြီး စားပွဲပေါ်ရှိ မှန်ချပ်ကြီးပေါ်သို့
ဖြန်းခနဲ ကျသွားပါသည်။ ပစ္စတိုပြောင်းဝမှ မီးလက်ခနဲ လင်းသွားပြီး၊ သေနတ်သံ
ဒိုင်းခနဲ မြည်ဟည်းသွားပါသည်။ ကျွန်တော်တို့ အားလုံး ကြက်သေ သေပြီး တိတ်
ဆိတ်သွား ပါသည်။ ကျွန်တော်လည်း ထူပူချောက်ချား သွားပါသည်။
ကျွန်တော် အသေအချာမြင်လိုက်ပါသည်။ ကျွန်တော်၏ ပွင့်နေသော အင်္ကျီအိတ်
ထဲမှ လျှောထွက်သွားသော ပစ္စတိုကလေးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုး
တို့ ယှဉ်ထိုင်နေသောဘက်ဆီသို့ ပြောင်းလှည့်၍ စားပွဲဝိုင်းတွင် ခင်းထားသည့်
မှန်ချပ်ကြီးပေါ် ကျသွားပြီး ဒိုင်းခနဲကျည်ဆံထွက်သွားခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်
အောင်ဆန်းမှာ ကုလားထိုင် လက်ရန်း နှစ်ဖက်ပေါ် လက်တင်ပြီး မှန်ချပ်ပေါ်တွင်
သေနတ်ပေါက်ကွဲမှု အရှိန်ဖြင့် ချာချာလည်နေသော ပစ္စတိုသေနတ် ကလေးကို
စိုက်ကြည့်နေပါသည်။
သခင်စိုး အသံက ရုတ်တရက် ထွက်ပေါ်လာပါသည်။ “ဘယ်သူ့ ထိသွားသလဲဟင်။
ဘယ်သူ့ထိသွားသလဲ” ဟု မေးရင် ကျွန်တော်ကို စူးစိုက်ကြည့်ပြီး “ခင်ဗျာ လုပ်လိုက်
ရင် သောက်ရမ်းချည်းပဲ။ ခင်ဗျာ တော်တော် အသုံးမကျတာပဲ” ဟု ကြိမ်းမောင်း
ပါသည်။
ကျွန်တော်က ဘာမျှပြန်မပြောနိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ငြိမ်သက်နေသဖြင့်
“သေနတ်ထိသွား ပြီးလား” ဟူသော စိုးရိမ်း ချောက်ချားစိတ်က လွှမ်းမိုးနေ
ပါသည်။
“ဗိုလ်ချုပ် ထိသွားသလား” ဟု ကျွန်တော်က စိုးရိမ်းသံဖြင့် မေးလိုက်မှ ဗိုလ်ချုပ်
အောင်ဆန်းသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး “ဘာမှ မဖြစ်ပါဘူး။ကျုပ်တော့
မထိဘူး” ဟု ဖြေပါသည်။
ဗိုလ်မှူးရဲထွဋ် က “ဟိုမှာ ဟိုမှာ။ ကျည်ဆံ ပေါက်သွားတဲ့နေရာ မှန်ကွဲနေတယ်”
ဟု လက်ညှိုး ထိုးပြ မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ နောက်ဘက်ရှိ ပြတင်း
ပေါက် မှန်တံခါးကွဲ နေသည် ကို တွေ့ရပါသည်။ ပေါက်ကွဲ ထွက်သွားသော ကျည်ဆံ
မှာ ဘယ်သူ့ကိုမျှ ထိမှန်ခြင်း မရှိသည်ကို သိရမှ စိုးရိမ်းစိတ်ဖြင့် ချွေးပြန်နေသော
ကျွန်တော်သည် စိတ်အေးသွားသည်။
တိုက်အောက်က လုံခြုံရေး တာဝန်ယူနေသော စစ်ဗိုလ်ကလေးမှာ အပေါ်ထပ်သို့
အူလျားဖား လျား ပြေးတက်လာပါသည်။ ဗိုလ်မှူး ရဲထွဋ် က မတော်တဆ သေနတ်
ထွက်သွားခြင်းဖြစ် ကြောင်းဆီးပြောလိုက်မှ ထိုဗိုလ်ကလေးမှာ ယောင်ချားချားနှင့်
အောက်သို့ ပြန်ဆင်းသွား ပါသည်။
သခင်စိုးသည် ကျွန်တော့်ကို ပေါ့ဆ ရပါမည်လားဟု ဆက်၍ ဆူပူနေပါသေးသည်။
ဤသို့ ဖြစ်ရသည်မှာ ကျွန်တော်၏ သတိလစ်ဟင်းမှုကြောင့် ဖြစ်ပါသည်။ ကျွန်တော်
သည် သွားလေရာရာတွင် ပစ္စတို သေနတ် နှစ်လက်ကို အမြဲတမ်း ယူဆောင်လေ့
ရှိပါသည်။ နှစ်လက်လုံးကို ကျည်ဆံထိုးပြီး မောင်းထိန်း ခလုပ်ပိတ်ကာ အသင့်လုပ်
ထား ပါသည်။ ၇ ဒဿမ ၅ ပစ္စတို အသေးကလေးကို အင်္ကျီအိတ်ထဲ ထည့်၍ ကြယ်
သီးပိတ်ထားပြီး၊ ပစ္စတို အကြီးကိုမူ သားရေလက်ဆွဲအိတ် ထဲတွင် ထည့်ထားပါသည်။
အရေးအကြောင်း ပေါ်ပါက အလွယ်တကူ ထုတ်သုံး နိုင်ရန် ဖြစ်ပါသည်။
အင်္ကျီကြယ်သီး ဘယ်အချိန်က ပြုတ်နေမှန်း မသိပါ။ ကုလားထိုင်ကို ထိုင်ရန် ခါး
အကုန်းလိုက်တွင် ပွင့်နေသော အိတ်ထဲမှ သေနတ်မှာ အလေးချိန်ဖြင့် လျှောထွက်
သွားပြီး မှန်ချပ်ပေါ်ကျ၍ မောင်းထိန်း ခလုတ် ပြုတ်ကာ ကျည်ဆံ ထွက်သွားခြင်း
ဖြစ်ပါသည်။
ကျွန်တော်သည် ပစ္စတို သေနတ်ပြောင်းထဲ အလိုအလျောက် ၀င်နေသော
ကျည်ဆံကို ထုတ်ယူလိုက်ပြီး သေနတ် ယမ်းကတ်များ နုတ်၍ သေနတ်ကို
သားရေလက်ဆွဲအိတ် ထဲသို့ ထည့်လိုက်ပါသည်။
သခင်စိုးသည် ကျွန်တော် (သခင်တင်မြ)၏ ပေါ့လျှော့မှုကို မကျေနိုင် မချမ်းနိုင်
ဖြစ်နေပါသေးသည်။ သေနတ်သံ ကြားသဖြင့် ဂျပန်တွေများ လာစုံစမ်းမလား
ဟု စိုးရိမ်းနေပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ ကမူ
သေနတ် မတော်တဆ ထွက်သွားခြင်းကို အရေးကြီး လှသည်ဟု သဘော
မထားကြပါ။ စစ်ဗိုလ်အိမ်က သေနတ်သံ တစ်ချက်ကြားရုံဖြင့်လည်း ဂျပန်
များက ဂရုစိုက်လာလိမ့်မည် မဟုတ်ဟု သဘောထားကြဟန် တူပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနှင့် သခင်သန်းထွန်းတို့သည် မဟာမိတ်
စစ်ဌာနချုပ်က ပေးလိုက်သော စာနှင့် ကိုသိန်းဖေထံမှ ပေးလိုက်သော စာပါ
သဘောထားများကို အခြေခံ၍ ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်၍ အမြန်
ဆုံး တော်လှန်တိုက်ခိုက်ကြရန် သင့်၊ မသင့် ဆွေးနွေး ကြပါသည်။
(သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် စာအုပ်မှ ကောက်နုတ် ဖော်ပြထားပါသည်
အကြောင်းကြောင်းကြောင့် စာရေးသူထံမှ တိုက်ရိုက် ခွင့်ပြုချက် မတောင်းခံ
ထားမှုကို ခွင့်လွှတ်ပါ။)
ပျူတို့မြေဘလော့မှ ကူးယူဝေမျှပါသည်။
11/11/2011 07:28
စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ၏ အတွေးအမြင်
ပြတိုက်ဆိုဒ်မှ ညချစ်သူ၏ပိုစ့်အားပြန်လည်တင်ပြပါသည်။...............................
...................................................................................................................
စာဖတ်ခြင်းကို တန်ဖိုးထားလေးစားသော ဆရာချစ်နိုင်(စိတ်ပညာ) ပြည်သူ အကျိုးပြုနှင့် လူမှူရေးတက်ကျမ်းစာပေများဖြင့် ယနေ့ လူကြီးလူငယ်များအတွက်ဦးနှောက်အဟာရ ဖြစ်စေသော  စာပေများရေးသားလေ့ ရှိသည့်  စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ)မှ စာဖတ်ခြင်း၏ကောင်ကျိုးနှင့် အတွေးအမြင်များကို စေတနာနိဒါန်း ၊ မေတ္တာနိဂုံး  တို့ ဖြင့် တင်ပြခဲ့ပါသည်။
အနာဂတ်မှာရင်ဆိုင်မယ့်လူအဖွဲအစည်း အသစ်က နှစ်ဆယ်ရာ စုနှောင်းပိုင်းက လူဘောင်မျိုးမဟုတ်ပဲ အလွန်လျှင်မြန်လှတဲ့ အပြေင်းအလဲလူအဖွဲအစည်း တစ်ခုအဖြစ် တွေးခေါ်ဆောင်ရွက်မှူ အစိတ်အပိုင်းတော်တော်များများထွက်ေါ်နေပါပြီ ။ခေတ် ၊စနစ် ၊ စစ်ပွဲ ၊ နည်းပညာ ၊ တီထွင်ထုတ်လုပ်မှူ အားလုံးမှာ
သာလွန်အနိုင်ရရှိနေသော အခြေအနေများကို သုံးသပ်မည်ဆိုပါက စီမံခံခွဲမှူသာလွန်ကောင်းမွန်သော  နိုင်ငံအုပ်ချုပ်သူ နည်းစနစ်များကသာ ဦးဆောင်သွားသည်ကို တွေမြင်နေကြရပြီးဖြစ်သည် ။
စ်ီမံခံခွဲမှူအမျိုးမျိုးအနက်မှာ တစ်ဦးခြင်းနှင့်သက်ဆိုင်တဲ့ အလုပ် ၊ အချိန် ၊ ဘ၀တွေဟာလဲ ကောင်းမွန်တဲ့ စီမံခံခွဲမှူများ၏ သက်ရောက်မှူရှိသလို.... နိုင်ငံတစ်ခုနှင့် နှိုင်းရှင်သုံးသပ်မည်ဆိုပါက ပြည်သူလူထုရဲ့ ရွေးချယ်မှူ ဆုံးဖြတ်မှူ ပါဝင်လုပ်ဆောင်မှူတွေကို အလေးထားတဲ့ ဒီမိုကရေစီ  စနစ်မှာ အတွေးအခေါ် အသိအမြင်
စွမ်းရည်မြင့်မားသူတွေရဲ့ အသိအမြင်တွေ စီမံခန့် ခွဲမှူတွေ ပိုပြီးအရေးပါပါမယ်။
မီးတောက်ကြီးတစ်ခုရဲ့ လောင်ကြွမ်းမှူနဲ့ အပူစွမ်းအင်များသည် ထင်းတစ်ချောင်းစီ၏ စုပေါင်းစွမ်းအားများမှထွက်ပေါ်လာတဲ့အပူစွမ်းအင်နဲ့  ပမာမျှလှပါတယ် ။ ပင်လယ်တစ်ခုကို ရုတ်ချည်း ရေပြည့်  တာမျိုးမဟုတ်ဘဲ မိုးရေစက်များစွာနဲ့  စုပေါင်းထားခြင်းသာဖြစ်ပါတယ်။လူတစ်ဦးခြင်းစီရဲ့ စီမံခံခွဲ တတ်မှူ တစ်ဦးခြင်းအရည်အသွေးက အလွန်အရေးပါလှပါတယ်။ အဓိကက ပညာရေးပါဘဲ။  ကျောင်းသင်ပညာရေး ကအခြေခံကောင်း ဖို့ လိုပါမယ်။ မိသားစုဘ၀ပျိုးထောင်မှူကအစောဆုံးဖြစ် ၍ မိဘတွေကအစ အမြော်အမြင်ရှိရပါမယ် ။
လူသားတွေဟာ ပတ်ဝန်းကျင်ဆက်ဆံရေးရိုက်ခတ်မှူနဲ့  အသိမြင်ဖွံဖြိုးခွင် ရရှိကြပါတယ်။ ၀န်းကျင်၊ ရပ်ရွာ ၊  မြို့ ပြလူနေမှူအဖွဲအစည်းရဲ့ ဆက်ဆံရေးပုံသွင်းမှူတွေက အရေးကြီးလှပါတယ်။ မိသားစုအခြေအနေနဲ့ 
ကျောင်းသင်ပညာရေးမှ လွမ်းမိုးပြုပြင်မှူများက  အားကစား အနုပညာ မျိုးချစ်စိတ် ဘာသာရေး ပရဟိတစိတ်ဓါတ် အချိန်ကိုအသုံးချတတ်မှူနဲ အလုပ်စီမံခန့် ခွဲနိုင်စွမ်း တွေက တစ်ဦးခြင်းစီရဲ့ ရွေးချယ်တန်ဖိုးထားမှူနဲ ကိုယ်ရည် ကိုယ်သွေးများ (personality) အရ ကွဲပြားသွားကြပါတယ် ။လူတစ်ယောက် တော် ၏
သင့် ၏ ကို  " ဒီပုတ်ထဲကဒီပဲ " ဆိုတာမျိုးတော့ တရားသေပြောလိုမရပါဘူး  ။
ချင့်ချိန်နိုင်စွမ်းအား
လူခြင်းတူသော်လည်း အသက်ရှူပုံကွဲပြားခြင်းတွေရှိပါတယ်။
သွေးသားရင်းခြာမောင်နှမတွေမှာ  အကြိုက်စရိုက် မတူညီတာတွေက  သာဓကဖြစ်ပါတယ် ။
ကွဲပြားမှူတစ်ခုစီတော့ရှိကြပါတယ်။
ကောင်းတဲ့ လားရာကွဲပြားတူညီမှူတွေကို တူညီတဲ့ပဲ့ပင် မှူတစ်ခုအဖြစ်
စာများများဖတ်ရပါမယ် ။ စာဖတ်ခြင်းအသိဥာဏ်ရှိနေသူမှာ ဘ၀ရဲ့ကြုံတွေရတတ်တဲ့
ချောက်ကမ်းပါးတွေ လမ်းမှားတွေကို ကြိုတင်စီမံခန့် ခွဲရှောင်လွှဲ နိုင်ပါတယ်။
ခေါင်းတစ်လုံးစာမက ပိုမြင့်ပိုမြင်နိုင်ကြပါ တယ်။  
စာဖတ်သော အယ်ဒီတာ
ဆိုဗီယက်ရုရှားခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင်အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်  ခေါင်းဆောင် “ ဗွီအိုင်လီနင်
“  ဟာ သတင်းစာဆရာ ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ် သူဖြစ်တယ် ။
(အယ်ဒီတာဖြည့်စွက်။ ။အခုရှိသေးရင် ၀က်ဘ်အယ်ဒီတာ ပါဖြစ်ဦးမည်။)
စာအလွန်ဖတ်ပြီး ဆောင်းပါးတွေ  လဲ ရေးခဲ့ပါတယ် ။ စာဖတ်လွန်းတဲ့ လီနင် ဟာ အမြင်ကျယ်ပါတယ်။
စာဖတ်သော ရှေ့နေ
အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက်ရှိတဲ့အနက်မှာ လင်ကင်း(သို)အေဗရာဟမ်လင်ကွန်း က
ဘယ်သှူမယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင်မြတ် နိုးဖွယ် 
ပုဂ္ဂိုလ် ထူးကြီးဖြစ်ပါသည် ။  လင်းကင်းရဲ့စာပေစာမျက်နှာများမှာ
ကျောင်းတတ်ရက် တစ်နှစ်ခွဲတောင်မရှိဘဲ
ကျောင်းစာလည်းကောင်းကောင်းမသင်ခဲ့ရရှာပါဘူး ။
ဒါပေမဲ့စာပေကို အလှမ်းမဝေးဘဲ ရသမျှလက်လှမ်းမှီသမျှ စာတွေကိုဖတ်မှတ်လေ့လာတယ် ။ ရှိတ်စပီယားနဲ့ 
အကျော်အမော်စာဆိုကြီးတွေရဲ့စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့မိန်ခွန်းတိုင်းက အဆီအသားပြည့်ဝလှပြီး
ပြည်သူ့ ဘ၀င်စွဲနေလို့  ဒီနေ့ဒီနေ့ အချိန်အထိ မေ့ မရတသသ ဖြစ်နေဆဲ ဖြစ်ပါတယ် ။
စာကြည့်တိုက်မှူး
နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ် ဂျပန်တွေကို တော်လှန်ကြရပါတယ် ။ အဲ့ဒီအခါမှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက် လုပ်ကိုင်လိုက်ပါလာခဲ့တယ် ။သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမားစာကြည့်တိုက်မှာ " စာကြည့်တိုက်မှူးစေတနာ့ဝန်ထမ်းလုပ်တယ်" ။ သူက အတန်းပညာ ရှစ်တန်း ၊ ကိုးတန်းသာ အောင်ပေမဲ့ စာဖတ်ဝါသနာထုံတော့ အလွန်စာဖတ်အားကောင်းတယ်။ ဘီအိုင်အေ ခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့်တက်ပြီး အရာရှိဖြစ်လာတယ် ။
ဗိုလ်ဗထူးပေါ့ ။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန်ကောင်းတာကြောင့် တပ်ရင်းမှူးရာထူးပေးအပ်ခြင်းခံရတယ် ။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူးမရတဲ့သူတွေရှိပါတယ်။) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီး ဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲတိုက်ခိုက်စေပါတယ် ။
စာဖတ်ခြင်းရဲ့ ကောင်းကျိုးနမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီး ဟာလည်း ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င်စာတင်ခဲ့ရတာပဲပေါ့ ။  
စာဖတ်သောမြန်မာ့ အမျိုးသားခေါင်းဆောင် 
သခင်အောင်ဆန်း (သို့ )ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင်ဦးစားပေးပြီး ၊ ရိုးရိုးသားသား ၊ အညာသားဆန်ပေမယ် တကယ့် သံတမာန်စေ့စပ်ဆွေးနွေးမှူ ၊ ရှေ့ဆောင် လမ်းပြနိုင်မှူ  ၊ ဆုံးဖြတ်ချက်တိကျ ပြတ်သားမှူနဲ့ 
မြင်ကြားတတ်သိလွယ်မှူတွေမှာ  ယှဉ်သာသူမရှိလောက်အောင် ထင်ရှားလှပြီး
ယနေ တိုင်မြန်မာပြည်သူလူထုရဲ့ အမှတ်အသား ကိုယ်စားပြုဖြစ်နေဆဲဖြစ်ပါတယ် ။
သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ် ပြီး ၊ မလိုအပ်လျှင် နှူတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း ၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ  ထိထိရောက်ရောက် ၊
ထက်ထက်မြက်မြက်ရှိလှခြင်းက စာအလွန်ဖတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ်တိုင်ကဗျာနဲ့ ဝထ္တူ ၊ ဆောင်းပါးများကို လည်း ရေးသားနိုင်ခဲ့သူဖြစ်ပါတယ် ။
စာဖတ်သော ထောင်ထွက်မှအလှူရှင်
ပခုက္ကူဒေသမှထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေငယ်အမည် တောခွေး (ခ) မောင်အုံးဖေ ရဲ့ဘ၀အစကနွမ်းပါးလှပြီး မြင်းထိန်း၊ကွမ်းယာသည်၊ဖောင်သမား ကျပန်းအလုပ်စုနဲ့ ဓားပြဖြစ်ပြီး ထောင်သုံးကြိမ်ကျဘူးခဲ့ပါတယ်။ ထောင်တွင်းမှ ဘ၀သစ်  အတွေးသစ်တွေကိုစာပေမှားမှရယူပြီး မကောင်းမှူများစွန်
့လို့ သူဌေး သူကြွယ် ကုန်သည် ပွဲစား ဖြစ်ခဲ့ပါတယ် ။
ဘ၀မှတ်တမ်းများနဲ့ ပခုက္ကူဦးအုန်းဦးဖေဆို တဲ့ကလောင်တစ်ချောင်းလဲပိုင် ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော်  နဲ့  ပညာရေးထူးချွန်ဆုရန်ပုံငွေ (၅၄-သိန်း)  ကိုလည်း စာပေမျိုးစေ့ချလှူဒါန်းပြီး
ပရဟိတအောင်မြင်ခဲ့သူဖြစ်ပါတယ် ။
စာဖတ်သော အထွေထွေအတွင်းရေးမှူးချုပ်
အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံးမြန်မာနိုင်ငံမှ  သက်တမ်းနှစ်ကြိမ်
(၁၀-နှစ်) တိတိ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့် မှာ
ပန်းတစ်နော်အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ် ပြီး
စာအလွန်ဖတ်သူတစ်ဦးဖြစ်ပါသည်။ကမ္ဘာ့ နိုင်ငံအားလုံးကကန့် ကွက်မဲမရှိ တညီ
တညွတ် တည်း ထောက်ခံရွေးချယ်ခန့် အပ်ခံရခြင်းက စာအရမ်းဖတ်လို့ 
ကမ္ဘာခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ ။
စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည် အတိအကျမှန်ကန်စွာဖြေကြားနိုင်ခဲ့လို့  အင်းဝဘုရင် စွာစော်ကဲလက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့်ခံခဲ့ ရပါတယ် ။ဘိုးရာဇာလျှောက်ထုံးများကို ယနေ့ အထိ မှန်ကန်ဆဲ ကိုးကားနေရဆဲလဲဖြစ်ပါတယ် ။နန်းတော်မှာလည်း အမတ်ကြီးဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများဖြစ်ပါတယ် ။
ဆရာချစ်နိုင် (စိတ်ပညာ)၏ အတွေးအမြင် နိဂုံး အဖြစ်စာဖတ်တဲ့ အကျင့် နေစဉ်ပြုလုပ်ပါ ။ အားကစားပဲ ဖတ်ဖတ် ၊  ဂျာနယ်ဘဲ ဖြစ်ဖြစ်  ၊ ၀ထ္တူဘဲ ကြိုက်ကြိုက်  နှစ်သက်ရာစာအုပ်များ တန်းစီပြီးနေ့ စဉ်ဖတ်ပါ ။ စာဖတ်သက်ရင်
့လာတာနဲ့ အညီ စာကောင်းပေကောင်း တွေကို ၊ စီစစ် ဖတ်တတ်လာပါမယ်။ စာဖတ်သူမှန်သမျှ ကြီးပွားတိုးတတ်ကြ မှာပါ ဘဲ  ၊ ဘ၀ကို တန်ဖိုးရှိအောင်  ဘ၀တန်ဖိုးမြှင့်  ဖို့ ကျွန်တော်တို့ အားလုံး စာဖတ်ကြမှဖြစ်ပါမယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ........
ဒါလေးကတော့ .. ဆရာချစ်နိုင်(စိတ်ပညာ) ရဲ့ စာဖတ်ခြင်းအပေါ်ထားရှိတဲ့ အတွေးအမြင်လေးပါ ။ ဒါဆို ကျွန်တော်တို့ ရော ဘယ်လို စာဖတ်ကြမလဲ .. ?? ကျွန်တော်တို့ လို ကွန်ပျူတာသမားတွေ အတွက်ကတော့ အွန်လိုင်းမှာပဲ အများစု အနေနဲ့ စာဖတ်ကြရမှာပါ ။ အဲ့မှာ အကျိုးရှိသော စာများကိုသာ ဖတ်ရှုလေ့လာနိုင်ဖို့ အရေးကြီးပါတယ် ။ ညစ်ညမ်းစာပေများ ၊ ၀တ္ထုများလည်း အွန်လိုင်းပေါ်မှာ အများအပြား ရှိတာကြောင့် အဲ့လို အကျိုးမရှိနိုင်တဲ့ စာမျိုးတွေ အတွက် မိမိ အချိန်တွေ ၊ ငွေတွေ ကုန်ကျသွားတာကို နှမြောသင့်ပါတယ် ။
ဒါဆို.. ကျွန်တော်တို့ အခု စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေနဲ့ စာဖတ်နေကြရပေမဲ့ .....နောင်အနာဂတ်မှာ ဘယ်လို စာဖတ်ကြမလဲ ?? ဆိုတဲ့ အကြောင်းအရာလေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။ ( ဥပမာ - စာအုပ်တွေ မဂ္ဂဇင်းတွေ ပျောက်ပျက်သွားပြီး E-Reader တွေနဲ့ ပဲ အလုပ်လုပ်ကြတော့မှာလား စသဖြင့်ပေါ့... )
"ပညာရဲရင့် ပွဲလယ်တင့်" ဆိုသလို စာများများဖတ်တဲ့ သူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးစာမျှ ပိုမြင့်ပြီး ပိုမြင်နိုင်စွမ်း ရှိတာကြောင့် ... မိမိတို့ ရဲ့ တန်ဖိုးရှိလွန်း လှတဲ့ ငွေပေးပြီး ၀ယ်လို့ မရတဲ့ အားလပ်ချိန်လေးတွေမှာ မိမိအတွက် အကျိုးရှိစေမဲ့ ... စာများကို ဖတ်ရှုခြင်းဖြင့် ....... အချိန်ကို တန်ဖိုး ရှိရှိ အသုံးချနိုင်မည်ဖြစ်ပါသည်.....။
Contact
Sarpaychittu
bobman.ky@gmail.com
Search site
ရောက်ရှိလာကြသောသူငယ်ချင်းများမင်္ဂလာပါ
ONLINE CASINO VISA, BESUCHERZäHLER KOSTENLOS, ONLINE CASINO IN HONG KONG, EUROPA CASINO, Casino News
© 2011 All rights reserved.
Make a free websiteWebnode