စာပေချစ်သူ

တဂိုး၏ ကဗျာများ

12/10/2011 00:00

မဇာဇာ ရဲ့  ဧဒင်ဥယျာဉ် မှ စာပေချစ်သူအဖွဲ့ တွင်တင်ထားသော ပိုစ့်ကို ပြန်လည်တင်ပြပါသည်။

စပယ်ဦး

ကျွန်တော်သည် နေခြည်ကိုလည်း

ချစ်ခဲ.ဖူးပါပြီ

ကောင်းကင်ကိုလည်း

ခင်ခဲ.ဖူးပါပြီ

မြေကြီးကိုလည်း

မက်ခဲ.ဖူးပါပြီ

သန်းခေါင်ချိန်တွင် စီးဆင်းသော

မြစ်ရေသံလွမ်းချင်းကိုလည်း

ကြားခဲ.ဖူးပါပြီ

မိုးကုန်စ နေ၀င်ချိန်

တိမ်တောက်သည်ကိုလည်း

မြင်ခဲ.ဖူးပါပြီ

သို.သော်လည်း

ကလေးဘ၀တုန်းက

ပထမဆုံး ခူးခဲ.သော

စပယ်ဦးကိုကား

သတိရဆဲပင် ဖြစ်ပါသည်။

 

( ဆရာ မင်းသုဝဏ် ပြန်ဆိုသော တဂိုးဧ။် စပယ်ဦးမှ ကောက်နုတ်ချက်)

 

သူ

ချစ်သူရေ... မျက်လုံးလေးဖွင့်ပြီး
မော.ကြည်.စမ်းပါဦးလို.
သူကလေသံလေးနဲ.ပြောခဲ.တယ်
ကျမ အသံခပ်မာမာနဲ.
" ထွက်သွား " လို. ပြန်ပြောလိုက်ပေမဲ.
သူက မလှုပ်ပါဘူး။

သူ ကျမရှေ.လာရပ်ပြီး
ကျမလက်တွေကို ဆုပ်ကိုင်ထားတယ်။
"ရှင် မနှောက်ယှက်ပါနဲ.လို." ပြောလိုက်ပေမဲ.
သူ....ထွက်မသွားပါဘူး။

ကျမနား အနားကို သူ.မျက်နှာတိုးကပ်လာတယ်။
ကျမ သူ.ကို စိုက်ကြည်.လိုက်ပီး
" ရှင်... အရှက်မရှိဘူးလားလို." ပြောလိုက်ပေမဲ.
သူ....မရွေ.ပါဘူး။

သူ.နှုတ်ခမ်းတွေက ကျမပါးပြင်ကို လာထိထားတယ်
ကျမ တုန်လှုပ်စွာနဲ. ပြောလိုက်မိတယ်။
" ရှင်... အတင့်ရဲလှချည်လား"
ဒါပေမဲ...... သူ..အရှက်ရှိပုံမရပါဘူ။

သူ ကျမဆံပင်ပေါ်မှာ ပန်းလေးတစ်ပွင့်ပန်ပေးတယ်။
" အလကား အပိုအလုပ်တွေ "  လို. ပြောလိုက်ပေမဲ.
သူကတော. မလှုပ်မရှား ရပ်နေဆဲပါ။

သူ....... ကျမလည်တိုင်က
ပန်းကုံးလေးကို ယူပြီး
အဝေးကို ထွက်သွားပြီ။
ကျမ ငိုမိတယ်။
 ကျမနှလုံးသားကိုလည်း ပြန်မေးမိတယ်။
သူ.......ဘာဖြစ်လို. ပြန်မလာတော.တာလဲဟင်။

 
ရာဘင်ဒြာနတ်တဂိုးရဲ.ကဗျာလေးပါ

 

© 2011 All rights reserved.

Make a free websiteWebnode