စာပေချစ်သူ

ဗိုလ်ချုပ်၏ လူသိနည်းသော အဖြစ်အပျက် တစ်ခု

15/11/2011 00:00

ရေးသူ- သခင်တင်မြ
ပြန်လည် တင်ပြသူ- အောင်ခင်မြင့်


ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅- ၁၉၄၇)

-၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည (ရန်ကုန်၊ ကြည်မြင်တိုင်၊ ဟုမ်းလမ်း
မီးရထားဂုံးထိပ်ရှိ ဂျပန်ပြန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်မှူးမြင့်အောင် နေအိမ်)

ဖယောင်းတိုင်မှ ထွက်လာသည့် အလင်းရောင် မှိန်မှိန်တွင်ဖြစ်သဖြင့် ခေါင်းဆောင်
များ၏ မျက်နှာ အမူအရာများ မည်သို့ရှိနေသည် ကို အထင်အရှား မမြင်ရစေကာမူ
ကိုယ်ဟန်လှုပ်ရှားမူများကို ကြည့်ရခြင်းဖြင့်ပင် တက်ကြွဖျတ်လတ်နေကြောင်း၊
ဖက်ဆစ် တော်လှန်ရေးအတွက်အရေးကြီးသည့် သဘောထားများကို ဆွေးနွေး
ဆုံးဖြတ်ကြရန် စိတ်အာရုံစောလျက်ရှိကြ ကြောင်းကို အထင်အရှား တွေ့နေရပါ
သည်။ ကျွန်တော် (သခင်တင်မြ) ၏ အတွင်းစိတ်များလည်း တက်ကြွ လှုပ်ရှားလျက်
ရှိနေပါသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် သခင်စိုးတို့က စာပွဲဝိုင်းကလေး ပတ်လည်မှာရှိသော ကုလား
ထိုင်များတွင် အရင် ထိုင်လိုက်ကြသည်။ သခင်သန်းထွန်း က ကုလားထိုင်တစ်လုံးတွင်
နောက်မှ ၀င်ထိုက်လိုက်လေသည်။ ဗိုလ်မှူးရဲထွဋ် နှင့် ကျွန်တော်သည် ကိစ္စတစ်ခုကို
အခန်းထောင့်တွင် ဆွေးနွေးနေကြစဉ် သခင်စိုးက လှမ်းခေါ်သဖြင့် ကျွန်တော်တို့ နှစ်
ယောက် စကားစကို ဖြတ်ပြီးလူကြီးများ ၀ိုင်းထိုင်နေသော စားပွဲဆီသို့လာခဲ့သည်။
ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း ရှေ့ရှိ ကုလားထိုင်ပု ကလေးတွင် ထိုင်ရန် ခါးကို
ကိုင်းလိုက်မိပါသည်။ ထိုအခိုက် ကျွန်တော်စစ် အင်္ကျီဘယ်ဘက်အိတ် အတွင်းမှ
မော်ဇာ ပစ္စတိုကလေးမှာ လျှောခနဲထွက်သွားပြီး စားပွဲပေါ်ရှိ မှန်ချပ်ကြီးပေါ်သို့
ဖြန်းခနဲ ကျသွားပါသည်။ ပစ္စတိုပြောင်းဝမှ မီးလက်ခနဲ လင်းသွားပြီး၊ သေနတ်သံ
ဒိုင်းခနဲ မြည်ဟည်းသွားပါသည်။ ကျွန်တော်တို့ အားလုံး ကြက်သေ သေပြီး တိတ်
ဆိတ်သွား ပါသည်။ ကျွန်တော်လည်း ထူပူချောက်ချား သွားပါသည်။

ကျွန်တော် အသေအချာမြင်လိုက်ပါသည်။ ကျွန်တော်၏ ပွင့်နေသော အင်္ကျီအိတ်
ထဲမှ လျှောထွက်သွားသော ပစ္စတိုကလေးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုး
တို့ ယှဉ်ထိုင်နေသောဘက်ဆီသို့ ပြောင်းလှည့်၍ စားပွဲဝိုင်းတွင် ခင်းထားသည့်
မှန်ချပ်ကြီးပေါ် ကျသွားပြီး ဒိုင်းခနဲကျည်ဆံထွက်သွားခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်
အောင်ဆန်းမှာ ကုလားထိုင် လက်ရန်း နှစ်ဖက်ပေါ် လက်တင်ပြီး မှန်ချပ်ပေါ်တွင်
သေနတ်ပေါက်ကွဲမှု အရှိန်ဖြင့် ချာချာလည်နေသော ပစ္စတိုသေနတ် ကလေးကို
စိုက်ကြည့်နေပါသည်။

သခင်စိုး အသံက ရုတ်တရက် ထွက်ပေါ်လာပါသည်။ “ဘယ်သူ့ ထိသွားသလဲဟင်။
ဘယ်သူ့ထိသွားသလဲ” ဟု မေးရင် ကျွန်တော်ကို စူးစိုက်ကြည့်ပြီး “ခင်ဗျာ လုပ်လိုက်
ရင် သောက်ရမ်းချည်းပဲ။ ခင်ဗျာ တော်တော် အသုံးမကျတာပဲ” ဟု ကြိမ်းမောင်း
ပါသည်။

ကျွန်တော်က ဘာမျှပြန်မပြောနိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ငြိမ်သက်နေသဖြင့်
“သေနတ်ထိသွား ပြီးလား” ဟူသော စိုးရိမ်း ချောက်ချားစိတ်က လွှမ်းမိုးနေ
ပါသည်။

“ဗိုလ်ချုပ် ထိသွားသလား” ဟု ကျွန်တော်က စိုးရိမ်းသံဖြင့် မေးလိုက်မှ ဗိုလ်ချုပ်
အောင်ဆန်းသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး “ဘာမှ မဖြစ်ပါဘူး။ကျုပ်တော့
မထိဘူး” ဟု ဖြေပါသည်။

ဗိုလ်မှူးရဲထွဋ် က “ဟိုမှာ ဟိုမှာ။ ကျည်ဆံ ပေါက်သွားတဲ့နေရာ မှန်ကွဲနေတယ်”
ဟု လက်ညှိုး ထိုးပြ မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ နောက်ဘက်ရှိ ပြတင်း
ပေါက် မှန်တံခါးကွဲ နေသည် ကို တွေ့ရပါသည်။ ပေါက်ကွဲ ထွက်သွားသော ကျည်ဆံ
မှာ ဘယ်သူ့ကိုမျှ ထိမှန်ခြင်း မရှိသည်ကို သိရမှ စိုးရိမ်းစိတ်ဖြင့် ချွေးပြန်နေသော
ကျွန်တော်သည် စိတ်အေးသွားသည်။

တိုက်အောက်က လုံခြုံရေး တာဝန်ယူနေသော စစ်ဗိုလ်ကလေးမှာ အပေါ်ထပ်သို့
အူလျားဖား လျား ပြေးတက်လာပါသည်။ ဗိုလ်မှူး ရဲထွဋ် က မတော်တဆ သေနတ်
ထွက်သွားခြင်းဖြစ် ကြောင်းဆီးပြောလိုက်မှ ထိုဗိုလ်ကလေးမှာ ယောင်ချားချားနှင့်
အောက်သို့ ပြန်ဆင်းသွား ပါသည်။

သခင်စိုးသည် ကျွန်တော့်ကို ပေါ့ဆ ရပါမည်လားဟု ဆက်၍ ဆူပူနေပါသေးသည်။
ဤသို့ ဖြစ်ရသည်မှာ ကျွန်တော်၏ သတိလစ်ဟင်းမှုကြောင့် ဖြစ်ပါသည်။ ကျွန်တော်
သည် သွားလေရာရာတွင် ပစ္စတို သေနတ် နှစ်လက်ကို အမြဲတမ်း ယူဆောင်လေ့
ရှိပါသည်။ နှစ်လက်လုံးကို ကျည်ဆံထိုးပြီး မောင်းထိန်း ခလုပ်ပိတ်ကာ အသင့်လုပ်
ထား ပါသည်။ ၇ ဒဿမ ၅ ပစ္စတို အသေးကလေးကို အင်္ကျီအိတ်ထဲ ထည့်၍ ကြယ်
သီးပိတ်ထားပြီး၊ ပစ္စတို အကြီးကိုမူ သားရေလက်ဆွဲအိတ် ထဲတွင် ထည့်ထားပါသည်။
အရေးအကြောင်း ပေါ်ပါက အလွယ်တကူ ထုတ်သုံး နိုင်ရန် ဖြစ်ပါသည်။

အင်္ကျီကြယ်သီး ဘယ်အချိန်က ပြုတ်နေမှန်း မသိပါ။ ကုလားထိုင်ကို ထိုင်ရန် ခါး
အကုန်းလိုက်တွင် ပွင့်နေသော အိတ်ထဲမှ သေနတ်မှာ အလေးချိန်ဖြင့် လျှောထွက်
သွားပြီး မှန်ချပ်ပေါ်ကျ၍ မောင်းထိန်း ခလုတ် ပြုတ်ကာ ကျည်ဆံ ထွက်သွားခြင်း
ဖြစ်ပါသည်။

ကျွန်တော်သည် ပစ္စတို သေနတ်ပြောင်းထဲ အလိုအလျောက် ၀င်နေသော
ကျည်ဆံကို ထုတ်ယူလိုက်ပြီး သေနတ် ယမ်းကတ်များ နုတ်၍ သေနတ်ကို
သားရေလက်ဆွဲအိတ် ထဲသို့ ထည့်လိုက်ပါသည်။

သခင်စိုးသည် ကျွန်တော် (သခင်တင်မြ)၏ ပေါ့လျှော့မှုကို မကျေနိုင် မချမ်းနိုင်
ဖြစ်နေပါသေးသည်။ သေနတ်သံ ကြားသဖြင့် ဂျပန်တွေများ လာစုံစမ်းမလား
ဟု စိုးရိမ်းနေပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ ကမူ
သေနတ် မတော်တဆ ထွက်သွားခြင်းကို အရေးကြီး လှသည်ဟု သဘော
မထားကြပါ။ စစ်ဗိုလ်အိမ်က သေနတ်သံ တစ်ချက်ကြားရုံဖြင့်လည်း ဂျပန်
များက ဂရုစိုက်လာလိမ့်မည် မဟုတ်ဟု သဘောထားကြဟန် တူပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုးနှင့် သခင်သန်းထွန်းတို့သည် မဟာမိတ်
စစ်ဌာနချုပ်က ပေးလိုက်သော စာနှင့် ကိုသိန်းဖေထံမှ ပေးလိုက်သော စာပါ
သဘောထားများကို အခြေခံ၍ ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်၍ အမြန်
ဆုံး တော်လှန်တိုက်ခိုက်ကြရန် သင့်၊ မသင့် ဆွေးနွေး ကြပါသည်။

(သခင်တင်မြ၏ ဘုံဘ၀မှာဖြင့် စာအုပ်မှ ကောက်နုတ် ဖော်ပြထားပါသည်
အကြောင်းကြောင်းကြောင့် စာရေးသူထံမှ တိုက်ရိုက် ခွင့်ပြုချက် မတောင်းခံ
ထားမှုကို ခွင့်လွှတ်ပါ။)

ပျူတို့မြေဘလော့မှ ကူးယူဝေမျှပါသည်။

 

© 2011 All rights reserved.

Make a free websiteWebnode